BLOFA :: 56 [Unicode]

1.8K 212 47
                                        

Blofa :: 56
❄ Undisclosed ❄

ရာချီနေသော လူများစွာရဲ့ရှေ့ကနေ ဦးဆောင်သွားနေရင်း Akashi သက်မောတစ်ခုချလိုက်မိသည်။

" အိမ်ရှေ့စံက ဦးဆောင်သင့်တာပေါ့ "

ဟူသော Haru ရဲ့စကားက သူ့ကိုလှောင်ပြောင်နေသယောင်။ အရာအားလုံးကို ကြိုတင်မှန်းဆကာ ထင်းကအစ၊ စောင်ကအဆုံးစီစဉ်ခဲ့သော Shun နှင့်ယှဉ်လျှင် သူ့တွင် အိမ်ရှေ့စံဟူသော ခမည်းတော်ပေးထားသော ဂုဏ်ပုဒ်တစ်ခုသာရှိသည်။

Akashi နောက်ကိုလှည့်ကြည့်လိုက်သည်။  လူအုပ်ကြီးရဲ့ နောက်ဆုံးမှာ Shun တစ်ယောက် Ken အပေါ် မှောက်ခုံမှောက်ရင်း ပျင်းတိပျင်းရွဲလိုက်လာသည်။ ဗိုက်မှာ ဒါဏ်ရာ ရှိနေတာကို ဘယ်လိုများလဲနေပါလိမ့်။

Iori ကတော့ ကလေးတွေကြားထဲ တစ်ယောက်ထဲ ထိုးထိုးထောင်ထောင်နှင့်လိုက်လာသည်။  နှင်းတွေကြားထဲ သူတို့ကြိုးစားသွားနေရင်း  Asahi က လက်ထောင်လိုက်သည်။

" ခန "

" ဘာဖြစ်တာလဲ "

Haru ရဲ့မေးခွန်းကို Asahi က သစ်ပင်တစ်ပင်ကို လက်ညိုးထိုးရင်း ပြန်ဖြေသည်။ သစ်ပင်မှာ လှံနှင့်အထွင်းခံထားရသော အပေါက်ကြီး နှင့်။ မထူးဆန်းဘူးဟု ပြောလို့ရသော ထို  သစ်ပင်မှာ အနားသတ်တွေစုတ်ဖွာနေအောင် အထွင်းခံရပုံထောက် တစ်စုံတစ်ဦးက လှံကို ခနော်ခနဲ့နှင့် ပြန်ဆွဲနှုတ်ထားပုံပေါ်သည်။ လှံကိုင်သူတစ်ယောက်အနေနဲ့ ထိုကဲ့သို့ဆိုးဝါးလှသော အရည်အချင်းရှိသူကို သူတို့အမှတ်ရလိုက်သည်။

" Rai !! "

သစ်ပင်ပေါ်ရှိလှံပွတ်ဆွဲသွားသော နေရာကိုကြည့်လိုက်တော့ သူတို့ပြန်နေသည့်လမ်း၏ တောင်ဘက်တွင်ရှိနေသည်။

" သူတို့ ဒီဘက်ကို သွားကြတာဖြစ်မယ်။ "

" သွားကြည့်ရအောင် "

Karin က တက်တက်ကြွကြွပြောလိုက်ပေမယ့် Asahi က ခေါင်းခါပြလိုက်သည်။

" ကျန်တဲ့သူတွေ ပင်ပန်းပြီး ဆာလောင်နေကြပြီ။ အစ်ကိုကြီးလည်း အနားယူဖို့လိုနေပြီ။ သူ့ကို စောင့်ရှောက်ဖို့က Karin တာဝန်။ Rai ကို ငါဘဲ သွားရှာလိုက်မယ်။ "

Bleeding Love Of Fallen AngelWhere stories live. Discover now