BLOFA :: 26 [Unicode]

1.8K 250 2
                                    

ရွာကနေထွက်ပြီး သူတို့နှစ်ယောက် တောထဲမှာဘဲ စခန်းချကာ အိပ်ခဲ့ကြသည်။  နှစ်ယောက်သားငြိမ်သက်နေမိသော်လည်း  အတွေးကိုယ်စီဖြင့် အိပ်မပျော်နိုင်ကြ။

"Iori"

"Hmm "

" ငါ အိပ်လို့မရဘူး။ "

"အင်း...ငါလည်းဘဲ "

" ငါလေ အရမ်း "

Shun ရဲ့အသံက တကယ့်ကို ဝမ်းနည်း စို့နစ်နေသည်။ ပုံမှန်အားဖြင့် ဘာကိုမှ အရေးမစိုက်ဘဲ လုပ်ချင်ရာလုပ်တတ်ပေမယ့် တစ်ခါတလေ ခုလို အပြုအမူအပြောအဆိုလေးတွေကနေတစ်ဆင့် Shun ရဲ့တိုင်းပြည်အပေါ် အလေးထားမှုတွေကို  မြင်ရလျှင် Iori ကြိတ် သဘောကျမိသည်။

" အရမ်းသေးပေါက်ချင်တယ်"

Iori မျက်နှာမည်းခနဲဖြစ်သွားသည်။ သူ့နေရာကနေဖြည်းညင်းစွာထလာပြီး Shun ဘက်ကို သရဲတစ်ကောင်လိုလှည့်ကြည့်လာသည်။ Shun Iori ဘယ်လက်ကို ဆွဲပြီး နေရာတစ်နေရာမှာတင်ပေးလိုက်သည်။

" ငါတကယ်ပြောနေတာ မယုံရင်ကိုင်ကြည့်။ တင်းနေရော အ...အ..ဟေ့ကောင် "

Shun ရဲ့ဆံပင်ကို အဆုပ်လိုက် ကိုင်ကာ Iori အားပါးတရ ဆွဲဆောင့်လိုက်သည်။

" ငါစတာ.. ငါစနေတာလို့ ... "

သူဘယ်လောက်ပြောပြော Iori ကမလွတ်ပေးချေ။  Shun ဆံပင်ကိုဆွဲကာ ခေါင်း နှစ်ခြမ်းခွဲဖြဲတော့မည့်အလား အားပါးတရ စိတ်ရှိလက်ရှိ ဆွဲနေသည်။

" ငါစနေတာ စနေတာ။ အ.. အ.. ချစ်လို့စတာ..အ...လို့.. "

Iori မျက်နှာရဲ ခနဲ ဖြစ်သွားသည်။ Shun ကို လွတ်ပေးလိုက်ပြီး Shun ကို ကျောပေးကာ ပြန်လဲအိပ်လိုက်သည်။ Shun သူ့ခေါင်းကို ပွတ်သပ်ပြီးညည်းတွားနေလိုက်သည်။

" ငရဲကျမယ့်ကောင်လေး။ ကျွတ်ကျွတ်။ ငါမင်းထက် ကြီးတယ်ဟ "

" Hump "

" အေးပါ။ ငါ သေးသွားပေါက်ဦးမယ်။ "

Shun ကို ဘာမှမပြောဘဲ Iori ခြေထောက်နှှင့်လန်းကန်လိုက်သည်။ Shun ဝါးဆစ်ဘူးကိုယူလိုက်ပြီး Iori ပုခုံးကိုတို့လိုက်သည်။

" ရေသောက်ဦးမလား "

" မင်းမိုက်ရိုင်းလှချည်လား။ ငါ..မင်းကို.."

Bleeding Love Of Fallen AngelWhere stories live. Discover now