BLOFA :: 49 [Part- 2]
ကျရှုံးခြင်းမြောက်မြားစွာသော အိမ်ငယ်လေးတွေ၊ လေ့ကျင့်ကွင်းတွေ၊ ခြံငယ်လေးတွေကို ဖြတ်လာပြီးနောက် ကလေးတွေကို ဖမ်းထားသည် ဟူသော ဂူနားကို Iori နှင့် Shino ရောက်ရှိလာသည်။ ဂူပေါက်ဝတွင် အစောင့် လေးယောက်က မီးလှုံနေကြသည်။ Iori အား အခြေအနေနှင့် အနေအထားကို Shino အကြမ်းဖျင်းရှင်းပြလိုက်သည်။ ဆက်လက်ပြီး ရှောင်လွဲလို့ရသောအခြေအနေမဟုတ်တာမို့ Iori နှင့် Shino ရဲ့အသွင်မှာ ဖောက်ထွင်းရေးသမားအသွင်မှ လုပ်ကြံသူအသွင်ပြောင်းလဲသွားသည်။
တစ်ဖက်က အိမ်ဆောင်ထဲရောက်နေသော Akashi နှင့် Asahi တို့ သည်လည်း မလွဲသာတိုက်ခိုက်ရမည့်အခြေအနေကိုရောက်ရှိနေသည်။ ကိုယ်ရံတော်နှစ်ယောက်ဆီကနေ ထွက်လာပြီးတဲ့နောက် ပါတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားတဲ့အငွေ့အသက်တွေ သူတို့ခံစားလိုက်ရသည်။ ထို့ပြင် သူတို့ဆီကို လာနေတဲ့ ခြေသံအုပ်အုပ်တွေ။ တိုးသက်လွန်းပေမယ့် မရိပ်မိရလောက်အောင် သူတို့ သတိမမဲ့သေး။ ယခင်ထက် ပို မြန်သော အလျင်နှင့် Warui ရဲ့အခန်းကို ရှာဖွေဦးတည်လိုက်သည်။
Haru နှင့် Karin ကတော့ ပန်းပဲဖိုအနီးက လူကြီးတွေကို ဖမ်းထားတဲ့ ဂူထဲမှာ ရန်သူတွေနှင့် ထိပ်တိုက်တွေ့နေပြီဖြစ်သည်။ ဂူပြင်ရော ဂူထဲမှာ စောင့်ကြပ်နေသည့် အစောင့်များကို တစ်ယောက်မှ မချန် အသံတိတ်သတ်ပစ်ပြီး ဂူထဲကို လျင်မြန်စွာ ဝင်လာလိုက်သည်။ ဂူက အလွန်ကျယ်သော်လည်း အကျဉ်း စခန်း များရဲ့ ထုံးစံအတိုင်း သွေးနံ၊ ချွေးနံ့တို့မွန်ထူနေသည်။ ဂူထဲမှာက အကျဉ်းခန်းပေါင်း မျက်စိတစ်ဆုံးရှိနေပြီး လူကတော့ အယောက် လေးဆယ်လောက်ရှိသည်။ အသက်ကြီးကြီး လူကြီးပိုင်းနှင့် လူလတ်ပိုင်းတွေအပြင် လူငယ် သုံးလေးယောက်လည်းရှိနေသည်။
အကုန်လုံးက သံတိုင်တွေနားကပ်ကာ Shino နှင့် Karin ကို ငေးကြည့်နေကြသည်။ အစောင့်တွေနှင့် တိုက်ခိုက်တုန်းက ထွက်ခဲ့သောအသံအချို့ကြောင့်သူတို့ နိုးလာခြင်းဖြစ်မည်။ အကုန်လုံးက ဝင်ဝင်လာချင်းမှာ စိုးရိမ်နေသော မျက်လုံးများနှင့် ကြည့်ကြသော်လည်း Haru နှင့် Karin ကိုသေသေချာခ၊ကြည့်ပြီး စိတ်ချသွားသော မျက်နှာထားများနှင့် သက်ပြင်းချကာ ကိုယ့်နေရာကိုယ် ပြန်အိပ်နေကြသည်။ Haru အနည်းငယ် အကျေမနပ်ဖြစ်သွားသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...