BLOFA :: 47 [Unicode]

1.4K 83 0
                                    

BLOFA :: 49

အရာအားလုံးဖြစ်ပျက်သွားတာ Asahi အသက် ငါးနှစ်။

ကလးတစ်ယောက်ရဲ့မှတ်ဉာဏ်က များများစားစားမမှတ်မိနိုင်ပေမယ့် စိတ်ထဲစွဲမြဲနေတဲ့ အရာတစ်ချို့ကိုတော့ Asahi ကောင်းကောင်းမှတ်မိသည်။

ဘယ်တော့မှ မချိုးဖာက်ခံလိုက်ရပေမယ့် ဘယ်တုန်းကမှလည်း မတည်နိုင်တော့တဲ့ ဂတိတွေကို Asahi ကောင်းကောင်းမှတ်မိသည်။ ဘယ်တော့မှရနိုင်မှာ မဟုတ်တဲ့နေရက်တွေကို မမှတ်ထားဘဲ နှင့်လည်း မှတ်မိနေသေးသည်။ ငါးနှစ်သား ကလေးတစ်ယောက်က ဘယ်လောက်ထိ သိတတ်ဦးမှာမို့လဲ ဒါပေမယ့် Asahi ကို တစ်ဘဝလုံး နာကျင်သွားစေဖို့ အမှတ်တရတွေ မှတ်ဉာဏ်တွေက သည်အတိုင်းပျောက်ကွယ်သွားရမည့်အစား ထာဝရတည်ရှိနေခဲ့သည်။ သို့သော် ထိုမှတ်ဉာဏ်တွေထဲ ၉၀ ရာခိုင်နှုန်းက ပျော်ရွှင်စရာတွေချည်း။

သို့သာ် အတိတ်ကြောင့် နာကျင်ရသည်ဆိုတိုင်း ထိုအတိတ်က ခါးကိုခါးရမယ် ဆိုတာမှမရှိတာ။

လှပသောအတိတ်သည်လည်း နာကျင်စရာ ပစ္စုန်ပ္ပန် နှင့် မပြည့်စုံတော့သော အနာဂါတ်ကို ယူဆောင်ပေးနိုင်တာဘဲလေ။

" ဖေဖေ "

" အင်း ပြော ဖေဖေရှိတယ်။ "

ဖေဖေ နှင့် မေမေကြောင့် ငါးနှစ်အရွယ် Asahi ဟာ တစ်ယောက်ယောက်ခေါ်ရင် ရှိတယ်လို့ ဖြေရတယ် ထင်ခဲ့ဖူးတယ်။ ဒါဟာ Asahi တို့ မိသားစုသုံးယောက်အတွက် သီးသန့် ထူးနည်း လို့မှန်း Asahi တကယ်မသိခဲ့ပါ။ ရိုးရိုးမြင် ရိုးရိုးတု တတ်တာ ကလေးသဘာဝမလား။ ပကတိဖြူစင်တဲ့ကလေးတွေအတွက်တော့ မိဘတွေရဲ့ အပြုအမူအပြောအဆိုတိုင်းဟာ အမှန်တရားတွေချည်း။

" နပန်းပွဲကြည့်ချင်တယ်။ "

လက်သီးလေးဆုပ်ကာ တိုက်ခိုက်ဟန်လေးလုပ်ပြလျက် တောင်းဆိုလာသော Asahi ကို ဖေဖေက သဘောတကျရယ်ပြတာကို Asahi မှတ်မိသေးသည်။ ဒါပေမယ့် Ashi ဖေဖေက ဖြေရမည့်အစား Asahi မေမေကို စွေကြည့်သည်။

" ဖအတူသားလေးနော် "

ဒါက Asahi မေမေပြောနေကြစကား။

" ခေါ်သွား။ ပွဲပြီးတာနဲ့ အိမ်တန်းပြန်လာနော်။ "

စူပုတ်ပုတ်မေမေရဲ့ အဖြေကြောင့် ဖေဖေက Asahi ကို ဝမ်းသာအားရ ကောက်ပွေ့လိုက်ကာ Asahi ကိုမေးသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now