BLOFA :: 49 [Part-1]
Assasins
" မဟုတ်ဘူး "
ခပ်ပြတ်ပြတ်ငြင်းလာသော လင်းယုန်နက်ကို Karin မျက်ခုံးပင့်ပြသည်။
" ငါသူ့ကို နှုတ်ပိတ်ဖို့ ရွာထဲဝင်လာတာတော့မှန်တယ်။ ဒါပေမယ့် ငါသူမှန်းမသိခဲ့ဘူး။ လမ်းမှာတိုက်ခိုက်ခံရလို့ ငါနဲ့ပါလာတဲ့ ငါ့အဖွဲ့သားတွေနဲ့ကွဲသွားပြီး ချောင်းထဲကျသွားတာ။ ငါ Rai ကို ငါ့ကို ကယ်ခဲ့တဲ့ ကလေးတစ်ယောက်အနေနဲ့ဘဲ သိခဲ့ရတာ "
"နောက်ပိုင်းကျတော့လည်းသိသွားပြီး တစ်ရွာလုံးကို လာသတ်ခဲ့တာဘဲ မလား။ Rai ကသာ အဲနေ့ညက အမဲလိုက်ဖို့ တောထဲမထွက်သွားရင် Rai လည်းအသတ်ခံရမှာဘဲမလား "
" Rai ကို အတူတူအမဲလိုက်ဖို့ တောထဲ ချိန်းလိုက်တာ ငါဘဲ "
လင်းယုန်နက်ရဲ့ အသံက အေးစက်စက်။
" ငါသူ့ကိုလွတ်မြောက်စေချင်ခဲ့တာ။ တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော သူ့တစ်ယောက်ကိုတော့ သေချာပေါက် အသက်ဆက်ရှင်နေစေချင်ခဲ့တာ ဟဟ "
လင်းယုန်နက်ရဲ့ရယ်သံက လှောင်သံပါဝင်နေသည်။ သူဘယ်သူ့ကိုလှောင်တာလဲဆိုတာတော့ သူအသိဆုံး။ Karin ကတော့ ငြိမ်ငြိမ်သက်သက်ပင် သူ့ရှေ့က လူကို မထီတရီသာကြည့်နေခဲ့သည်။
" ဘယ်သူက ထင်မှာလဲ။ ငါ့ပစ်မှတ်က ငါ့နားမှာတစ်ချိန်လုံးရှိနေတဲ့သူဆိုတာ။ မျက်လုံးဝိုင်းဝိုင်းနဲ့ အမြဲပြုံးနေတတ်တဲ့ကလေးကို မထင်ထားခဲ့ဘူးလေ။ "
သည်စကားကိုပြောနေချိန်မှာ လင်းယုန်နက် ပြုံးနေခဲ့သည်။ တကယ်ကို သဘောတကျနှင့်။ Warui Sama ပေးအပ်သည့်တာဝန်ကို အလွဲအမှားမရှိသူထမ်းဆောင်ခဲ့ဖူးသည်။ ပေးအပ်သည့်တာဝန်ကို ရှောင်လွဲခြင်း အောင်မြင်အောင် မထမ်းဆောင်နိုင်ခြင်းကို ရှက်ဖွယ်ဟု သူသတ်မှတ်ဖူးသည်။
သို့သော် ပထမဦးဆုံးအကြိမ်အနေနှင့် သူလွဲမှားခဲ့သည်။ သူသတ်ရမည့်သူကို ရှာမတွေ့လို့ တစ်ရွာလုံးကို ရှင်းပစ်ခဲ့သည်။ တစ်ရွာလုံးမှာမှ သူတစ်ယောက်တည်းကို သူလွတ်ပေးခဲ့သည်။ ထိုသူက သူ့ပစ်မှတ်ဖြစ်နေမှန်းသိလိုက်ရတော့ သူ့မှာ ငိုရခက် ရီရခက်နှင့်။ သေချာတာတော့ သူ နောင်တမရခဲ့။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...