ရွာကနေထွက်ပြီး သူတို့နှစ်ယောက် တောထဲမှာဘဲ စခန်းချကာ အိပ်ခဲ့ကြသည်။ နှစ်ယောက်သားငြိမ်သက်နေမိသော်လည်း အတွေးကိုယ်စီဖြင့် အိပ်မပျော်နိုင်ကြ။
"Iori"
"Hmm "
" ငါ အိပ်လို့မရဘူး။ "
"အင်း...ငါလည်းဘဲ "
" ငါလေ အရမ်း "
Shun ရဲ့အသံက တကယ့်ကို ဝမ်းနည်း စို့နစ်နေသည်။ ပုံမှန်အားဖြင့် ဘာကိုမှ အရေးမစိုက်ဘဲ လုပ်ချင်ရာလုပ်တတ်ပေမယ့် တစ်ခါတလေ ခုလို အပြုအမူအပြောအဆိုလေးတွေကနေတစ်ဆင့် Shun ရဲ့တိုင်းပြည်အပေါ် အလေးထားမှုတွေကို မြင်ရလျှင် Iori ကြိတ် သဘောကျမိသည်။
" အရမ်းသေးပေါက်ချင်တယ်"
Iori မျက်နှာမည်းခနဲဖြစ်သွားသည်။ သူ့နေရာကနေဖြည်းညင်းစွာထလာပြီး Shun ဘက်ကို သရဲတစ်ကောင်လိုလှည့်ကြည့်လာသည်။ Shun Iori ဘယ်လက်ကို ဆွဲပြီး နေရာတစ်နေရာမှာတင်ပေးလိုက်သည်။
" ငါတကယ်ပြောနေတာ မယုံရင်ကိုင်ကြည့်။ တင်းနေရော အ...အ..ဟေ့ကောင် "
Shun ရဲ့ဆံပင်ကို အဆုပ်လိုက် ကိုင်ကာ Iori အားပါးတရ ဆွဲဆောင့်လိုက်သည်။
" ငါစတာ.. ငါစနေတာလို့ ... "
သူဘယ်လောက်ပြောပြော Iori ကမလွတ်ပေးချေ။ Shun ဆံပင်ကိုဆွဲကာ ခေါင်း နှစ်ခြမ်းခွဲဖြဲတော့မည့်အလား အားပါးတရ စိတ်ရှိလက်ရှိ ဆွဲနေသည်။
" ငါစနေတာ စနေတာ။ အ.. အ.. ချစ်လို့စတာ..အ...လို့.. "
Iori မျက်နှာရဲ ခနဲ ဖြစ်သွားသည်။ Shun ကို လွတ်ပေးလိုက်ပြီး Shun ကို ကျောပေးကာ ပြန်လဲအိပ်လိုက်သည်။ Shun သူ့ခေါင်းကို ပွတ်သပ်ပြီးညည်းတွားနေလိုက်သည်။
" ငရဲကျမယ့်ကောင်လေး။ ကျွတ်ကျွတ်။ ငါမင်းထက် ကြီးတယ်ဟ "
" Hump "
" အေးပါ။ ငါ သေးသွားပေါက်ဦးမယ်။ "
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...