မိတ်ဆက် (၁)

11.1K 700 19
                                        

၂၀၂၀ ခုနှစ်။

ဆိတ်ငြိမ်ရက်ကွက်တစ်ခုဖြစ်သည့်အလျောက်
လူကုံထံအသိုင်းအဝိုင်းများသာနေထိုင်ရာဘောက်ထော်ပြည်သာယာရိပ်သာအတွင်းတွင်ဖြစ်သည်။မြင်မြင်သမျှတို့သည်ခမ်းနားသောအိမ်ကြီးအိမ်ကောင်းများသာဖြစ်သည်။ထိုအိမ်ကြီးများကျော်လွန်လျှင်တော့အခြေအနေခြားနားစွာကျူးကျော်ရပ်ကွက်လေးတစ်ခုရှိနေသည်။များသောအားဖြင့်ထိုအိမ်ကြီးများမှအလုပ်သမားများနေထိုင်ရာ အလုပ်သမားတန်းလျားများလည်ရှိနေတတ်သည်။ဘဝချင်းကွာခြားလှသလိုလောကကြီးသည်မတရားဘူးဟုထင်ယောင်ရသည်။တစ်နေကုန်ပင်ပင်ပန်းပန်းဖြင့်လူကုံထံတို့သဘောကျအလုပ်ကျွေးပြုရသောလူတို့သည်တဲသာသာအိပ်ခန်းအတွင်းတွင်သာတစ်နေ့တာကုန်ဆုံးရသည်။ထိုသူတို့အလုပ်အကျွေးပြုရသောလူတို့ကားဝတ်ကောင်းစားလှများဝတ်စားကာအိမ်ကြီးအိမ်ကောင်းများပေါ်၌အခန့်သားဇိမ်ခံနေကြမြဲသာ။

"ပဒုမ္မာ" စံအိမ်"

နှစ်ဆောင်ပြိုင်အိမ်ကြီးသည်အဆောင်အယောင်တို့ဖြင့်ခမ်းနားလွန်းနေသည်။ကျယ်ဝန်းလှသောခြံဝန်းတွင်သစ်ပင်ပန်းမန်များဖြင့်စိမ်းစိုလျှက်ရှိသည်။ခြံဝန်းအတွင်းတွင်တော့ ယမန်နေ့များကဲ့သို့ပင် သစ်ပင်ရေလောင်းသူ၊အမှိုက်ရှင်းသူ၊ မြက်နှုတ်သူစသဖြင့်ကိုယ်စီလုပ်ကိုင်နေကြသည်။ခြံဝန်းကိုကျော်လွန်သော်မီးဆိုင်းများဖြင့်မြင့်မားသောပေါ်တူဂီတစ်ခု။အနောက်တွင်တော့ အရိပ်ထင်ရအောင်ပြောင်လက်နေသောအခင်းအကျင်းများနှင့် အိမ်အဝင်ဝကိုတွေ့ရမည်သာ။

"ဖိုးတာ"

"လာပါပြီ မေမေကြီး"

အိမ်အပေါက်ဝဆီမှ ခေါ်သံကြားသည်နှင့်မြက်ပင်ရိတ်ခြင်းကိုအစသတ်ကာအမြန်ပြေးလာသည်။ဗမာဝတ်စုံကိုကျနစွာဝတ်ဆင်ကာလက်ဝတ်ရတနာများဆင်မြန်းထားသောအသက်လတ်ပိုင်းအမျိုးသမီးတစ်ဦး။ ထိုအမျိုးသမီးအသံကားသြဇာသံအပြည့်။မျက်နှာသည်ကားပကတိကြည်လင်စွာ။စိတ်သဘောထား
ပြည့်ဝကာ သမာသမတ်ကျသောအသွင်ကိုသာ
ဆောင်နေသည်။ထိုသူမှာအခြားမဟုတ်။ "ပဒုမ္မာ" စံအိမ်၏အက္ခရာ "ဒေါ်ဥမ္မာမြင့်" သာဖြစ်သည်။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now