အပိုင်း (၃၂)

2.5K 192 21
                                        

"မင်းစမ်းသပ်တာ လွန်ပြီ ဆက်ကောင်း။ ညီညီ အရမ်းသနားဖို့ကောင်းနေပြီ"

အကိုမင်းမဟာပြောသည့် စကားများကို တစ်ခွန်းမကျန်နားထောင်ရင်း ဆက်ကောင်းသာ ဝမ်းနည်းဝမ်းသာဖြစ်ရသည်။

အမှန်ဆို သူဘာရောဂါမှ မဖြစ်သလို၊ အတိတ်မေ့သည်ဆိုတာလည်း လုပ်ကြံဇာတ်လမ်းတစ်ခုသာ။

အဓိကက မောင့်အချစ်တွေကိုစမ်းသပ်ကြည့်ချင်ခဲ့တာ။ ပြီးတော့ သူ့ကို ဟိုအိမ်မှာချုပ်ထားခဲ့သည့်အတွက် အပြစ်ပေးတာ။

"လိုက်သွား ဆက်ကောင်း"

ကိုချိန့်ကပါ ဝင်ပြော၏။

"ကျွန်တော် ကြောက်တယ် ကိုချိန့်။ မောင် စိတ်ဆိုးသွားမှာ။ ကျွန်တော့်ကို ခွင့်မလွှတ်ဘူးဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ"

သူအမှတ်တကယ်ပင် စိုးရိမ်မိပါသည်။ကိုယ်တိုင်အစပျိုးခဲ့ပြီးသားဇာတ်လမ်းပေမို့ သူကိုယ်တိုင်ပဲ အဆုံးသတ်ရမည်မလား။

"မင်းအတွက်လည်စင်းပေးနေတဲ့ အကောင်ပါကွာ။ လိုက်သွား ဆက်ကောင်း။ မင်းနောင်တမရချင်ရင်"

မောင့်ကို ဘယ်တုန်းကမှ မမုန်းခဲ့သလို ဘယ်တုန်းကမှလဲ စိတ်မနာဖူးခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် မောင် သူ့ကို စိတ်မနာပါစေနဲ့။

သူပြေးထွက်ခဲ့သည်။ ပျော်လွန်းလို့ အရူးတစ်ပိုင်းဖြစ်သည်ဆိုတာ ဒီလိုခံစားချက်များလားလို့တော့ သူသေချာမသိပါလေ။

မောင့်နှုတ်ဖျားကနေ ချစ်တယ်ဆိုသည့် စကားကြားခဲ့ရတုန်းကလို..........
မောင့်နှုတ်ခမ်းပါးတွေဆီက အနမ်းဖွဖွလေးတွေ လက်ခံရရှိစဉ်ကလို............
အခုအချိန်မှာ သူ့ရင်ခုန်သံတွေဟာ ဟိုရောက်သည်ရောက်ဖြင့်................

မောင်ဟာ သူ့အတွက်ဟုဆိုကာ ပစ္စည်းဥစ္စာတွေစွန့်လွှတ်ခဲ့၏။
သူ့အတွက်ဟုဆိုကာ မိန်းမတစ်ယောက်အား ဒူးထောက်တောင်းပန်ခဲ့၏။
သူ့အတွက်ဟုဆိုကာ အလုပ်ကြိုးစားရင်း ငွေ၏ တန်ဖိုးကို နားလည်သူလည်း ဖြစ်ခဲ့ပြီ။
ထို့အတူ....သူ့အတွက်ဟု ဆိုကာ ....သူမကြိုက်သည့် အပြုအမူတို့ကိုပင် ပြောင်းလဲနိုင်ခဲ့သည်အထိ။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Hikayelerin yaşadığı yer. Şimdi keşfedin