၁၉၉၇ ခုနှစ်။
"ကျွန်တော်တို့ကောင်းရောင်းကောင်းဝယ်ပဲ
လုပ်စားကြရအောင်ဗျာ"
အခုလို ပစ္စည်းပို့မရှိသောနေ့များနှင့်ဝိုင်းမရှိသောနေ့များတွင် ဘူတာကြီးဘက်ကလဘက်ရည်ဆိုင်တွင် သူတို့သုံးဦးသား တီး လေးသောက်ရင်းစကားစမြည်ပြောဖြစ်ကြသည်။မိသားစုတွေအကြောင်း၊ရှေ့ရေးတွေအကြောင်းစသဖြင့်။
"ဟ အလတ်ကောင်ရ
ခုမှတော့ ဒီလောကကစွန့်လို့ရမလားကွ။
အစတောင်မလုပ်နဲ့။မင်းအရှင်ထွက်တော့ဖြစ်မှာမဟုတ်ဘူး"
"မဟုတ်ဘူးလေ အကိုကြီးရ
စခန်းမှာ ကိုယ်တိုင်ဝန်ခံရင်အပြစ်လည်းလျော့မယ် သူတို့လက်ကလည်းလွတ်နိုင်မယ်လေ"
သူ့စကားဆုံးတော့နှစ်ယောက်လုံးတွေးစစဖြင့်ငြိမ်ကုပ်သွားတော့သည်။အခုအခါတစ်ဦးချင်းဆီတွင်လည်းမိသားစုလေးများရှိလာပြီဖြစ်ရာသူတို့နည်းမျိုးစုံဖြင့်စဉ်းစားရန် အထူးသဖြင့်ရေရှည်စဉ်းစားရန်လိုအပ်လှသည်။
"ငါ ပြောမယ် အလတ်ကောင်ရ။
ငါတို့က သေသေရှင်ရှင်အရေးမကြီးဘူး။
မိန်းမနဲ့ကလေးက ရှိသေးတယ်"
"ဟုတ်တယ် ကိုလတ်။"
အငယ်ကောင်ကပါဝင်ပြောတော့သည်။
"ကျွန်တော်ကစိတ်မပူဘဲနေမလား။
ကျွန်တော်သားကခုမ... "
"အေး။
အဲ့ဒါဆိုလည်းငြိမ်ငြိမ်နေကွာ"
အကိုကြီးဆိုသူကပြောပြောဆိုဆို ပန်းကန်လုံးထဲက ကျစိမ့်ကို တစ်ကျိုက်တည်းမော့ချလိုက်သည်။
ဘဝတူ သုံးယောက်ပင်မို့ စုမိကြသည်ထင်။ ယခုဆိုလျှင် မိသားစုလေးတွေပင်ရှိလာ၍ သူတို့သုံးဦးအရင်ထက်ပို တိုင်ပင်ဖြစ်ကြသည်။ အငယ်ကောင်နဗင့္သူ ကတော့ သားသမီးပင်ထွန်းကားနေပြီ။ အစ်ကိုကြီးကတော့ ယခုတိုင် သားဆုပန်နေရဆဲ။
"တကယ်လို့ ကျွန်တော့်မှာအစီစဉ်ရှိတယ်ဆိုရင်ရော"
ထိုအခါနှစ်ယောက်စလုံး၏မျက်လုံးများ
အရောင်လက်လာလေသည်။
"ကျွန်တော် ရဲမှုးတစ်ယောက်နဲ့ ခင်နေတယ်"
"ဟာ ဟေ့ကောင် မင်း .. မင်း"
