"ကိုကို"
ညသန်းခေါင်ယံအချိန်မတော်ထမြည်လာသောဖုန်းကြောင့်မင်းမဟာအနည်းငယ်တော့လန့်သွား၏။
"ညီညီလား
ညီညီ"
အဆက်အသွယ်ပြတ်နေသည်မှာကြာပြီဖြစ်သောညီညီ့ဆီမှဖုန်းရသည်မလို့သူစိတ်အေးသွားရသည်။
"ကိုကို အဆင်ပြေလား
မေမေရော"
သူကိစ္စအလုံးစုံကို ညီလေးအားမပြောလို။သို့ရာတွင်
ညီညီလည်းထိုကိစ္စကိုတော့သိသင့်သည်မလား။
"ကိုကိုကအဆင်ပြေပါတယ်။
ညီညီရော....ညီညီ မင်းဘာတွေလျှောက်လုပ်နေတာလဲကွာ"
အရင်လိုလန်းလန်းဆန်းဆန်းအသံမဟုတ်တော့သလိုညီညီ့အသံသည်စိတ်ဓာတ်ကျနေသည်မှာလည်းအလွန်သိသာလှသည်။
"ကိုကို ကျွန်တော်က မကောင်းတဲ့ကောင်လား"
"မဟုတ်ဘူးလည်းကိုကိုမပြောချင်ဘူး။
မကောင်းတာမဟုတ်ပေမဲ့ လိမ္မာနေတာတော့မဟုတ်ဘူးပေါ့"
ခဏငြိမ်သွားသည်။ ပြီးနောက် တရှုံ့ ရှုံ့ရှုံ့ အသံများပါကြားလာရတော့သည်။
"ညီ...မင်းငိုနေတာလား"
အရာရာတွင်စိတ်ဓာတ်ခိုင်မာလွန်းသောညီဖြစ်သူအားယခုလိုငိုရသည်အထိ မည်သို့သောအရာကများစွမ်းဆောင်နေသနည်း။သူတကယ်ပင်သိချင်လှပါသည်။
"ညီညီ"
"ကိုကို...ကျွန်တော်ပြောစရာရှိတယ်"
"အင်းပြော
ကိုကို နားထောင်ပေးမယ်"
"ကျွန်တော်နဲ့ ကိုဆက်ကတွဲနေတာ................"
ထို့နောက် ထို့နောက်တွင်တော့ ညီညီပြောပြသမျှအရာတို့အား အံ့သြတကြီးသာနားထောင်နေရတော့သည်။သူမည်သို့တုံ့ပြန်သင့်သည်ပင်သူမသိပါ။
"ကိုကို...ကျွန်တော့်ကိုရွံလား"
သူတို့ကိစ္စကိုပြောပြသင့်သလား။ပြောပြရင်ရောညီညီကကျေနပ်မည်လား။
"ရွံစရာလား ညီညီရာ။ လူလူချင်းချစ်တာအပြစ်တစ်ခုမှမဟုတ်ဘဲ"
လောလောဆယ်တော့ သူဒီလောက်သာပြောနိုင်သေးသည်။
"ဒါပေမဲ့ ဆက်ကောင်းကို ခုလိုချုပ်ထားတာတော့ မင်းမှားတယ်"
