အပိုင်း (၂)

4.6K 351 0
                                        

၁၉၉၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့။

သူဒီရွာလေးကိုပြောင်းလာခဲ့တာသိပ်မကြာသေးသော်လည်းသူဒီနေရာကိုခင်တွယ်သည်။ဖြစ်ပျက်ခဲ့သမျှအရာအားလုံးနဲ့အတိတ်ကသူ့လုပ်ရပ်တွေကိုမေ့ထားပြီးဒီနေရာလေးမှာမိသားစုနဲ့သိုက်သိုက်ဝန်းဝန်းပျော်ရွှင်ရွှင်နေချင်သည်။အခုဆိုသားလေးလည်းအသက်ရှစ်နှစ်ထဲရောက်ပြီ။အခုအချိန်ထိတော့အရာအားလုံးအေးအေးချမ်းချမ်းအဆင်ပြေပြေရှိနေသေးသည်။

"ဘာတွေများတွေးနေတာတုန်းအကိုရဲ့"

သူအတွေးထဲမြောနေတာနဲ့ဇနီးဖြစ်သူအနားရောက်လာသည်ကိုပင်သတိမထားမိခဲ့။

" ဪ ဒီလိုပါပဲ လွင်ရယ်
အရင်တုန်းက အကြောင်းတွေပေါ့"

သူအတွေးထဲရှိသည့်အတိုင်းပြောမိတော့ လွင် ခမျာမျက်နှာကွက်ခနဲ။

"အကိုရယ် အဲ့အကြောင်းတွေမေ့လိုက်ပါတော့။
သားလေးကြားသွားလည်းမကောင်းပါဘူး"

"လွင်
အကိုပြောတာတစ်ခုတော့ နားထောင်"

သူလေးလေးနက်နက်ပြောမိတော့လွင်ကစိုးရိမ်တကြီးဖြင့်ပြာပြာသလဲခေါင်းညိမ့်ရှာသည်။

"တကယ်လို့
တကယ်လို့နော်
သူတို့တွေလိုက်လာကြရင်"

"ဟင့်အင်း
အကိုရယ် မပြောပါနဲ့ အဲ့လိုတွေ"

"ခဏ လွင်
တကယ်လို့ပါ၊ သူတို့တွေလိုက်လာခဲ့ရင်
အကို့ကိုထားခဲ့ပြီး လွင်တို့သားအမိတွေဘေးကင်းရာအရင်ပြေးကြပါ။ကိုယ်ပေးထားတဲ့ ရဲမှူးကြီးလိပ်စာရှိတယ်မလား။သူ့ကိုသာရအောင်လိုက်ရှာ။ကြားလား"

သူ့စကားတွေဆုံးတော့
လွင်ကဝမ်းနည်းစွာငိုကြွေးသည်။

"ကျွန်မလေ အကို့ကိုမထားခဲ့နိုင်မယ်မထင်ဘူး"

"တကယ်လို့များပေါ့ လွင်ရယ်။
အကိုရယ်သားလေးရယ်လို့ရွေးရတော့မယ်ဆို
သားကိုပဲရွေးပါ။သားရှေ့ရေးအတွက်၊ စောင့်ရှောက်ဖို့လွင်ကတော့အသက်ရှင်မှရမယ်လေ"

လွင်ကသေချာစဉ်းစားနေသည်။
ပြီးတော့နှစ်သိမ့်စွာပြောရင်းခေါင်းညိမ့်ရှာသည်။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now