အပိုင်း (၃)

6.6K 602 15
                                    

ဆောင်းမနက်ခင်းတွင်မြင်မြင်သမျှ
တို့သည်မြူနှင်းတို့ဖြင့်ပြည့်နေသည်။ရန်ကုန်ဆောင်းသည်ထူးခြားမှုမရှိသည့်တိုင်မနက်ခင်းတွင်တော့အအေးဓာတ်လွန်ကဲမြဲသာဖြစ်သည်။မနက်ခင်းအလင်းရောင်စသည်နှင့်သက်ရှိလူသားတို့သည်ရုန်းကန်ကြရသည်။ပညာရှာသူ၊ စီးပွားရှာသူစသဖြင့်။

ဒီကနေ့သည် ၂၀၂၀ ခုနှစ်​၏ တက္ကသိုလ်များစတက်ရသောဒီဇင်ဘာလရဲ့နေ့တစ်နေ့သာဖြစ်သည်။စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)သို့ ၈:၃၀ အတန်းချိန်မှီရန်မနက် ၆:၃၀ ကားဂိတ်ရောက်မှသာတော်လိမ့်မည်။သူ့အိမ်ကနေကားဂိတ်သို့ရောက်ရန် ၁၅ မိနစ်လမ်းလျှောက်ရသည်။ပြီးတော့ ကားစောင့်ရသည်။ပြီးရင်တော့ တစ်နာရီကျော်ကျော်ကားစီးရသည်။ ဒီလိုပါပဲ ဘဝက လွယ်မနေပါဘူး။

အလုပ်ချိန်၊ကျောင်းချိန်ဖြစ်သည်မို့ကားပေါ်ရောက်တော့လည်းနေရာမရ။ကားပေါ်ရောက်တော့မိန်းကလေးအများစုကအနွေးထည်ကိုယ်စီဝတ်၊မိတ်ကပ်လေးတွေကိုယ်စီပြင်ကာ၊ သူ့မှာသာလမ်းလျှောက်လာရတော့ချွေးလေးကတစို့စို့၊ ကားပေါ်ကျတော့လည်းလူကြပ်ပြီးအဲကွန်းကသိပ်မအေးတော့ ပူလာအိုက်လာပြန်။အတွေးတောင်မဆုံးလိုက်ပါ။ကားကဘရိတ်ဆောင့်အုပ်လိုက်သဖြင့်ဘေးကတူတူရပ်နေသောဦးလေးကြီးကိုတံတောင်ဖြင့်ထိုးမိသည်။

"ကန် ကန်တော့နော် ဦးလေး"

ဘာမှဖြစ်ပုံမပေါ်၍သာတော်တော့သည်။မကြာလိုက်ပါ။မနက်ပိုင်း exercise ဘားဆွဲရသလို အိမ်ကနေကျောင်းထိတောက်လျှောက်မတ်တပ်လိုက်ပါလာပြီးနောက်ဆုံးတွင်တော့ လိုရာခရီးရောက်တော့မည်။သူကလူကောင်သေးတော့နှစ်မှတ်တိုင်အလိုလောက်ကတည်းကအပေါက်ဝရောက်အောင်ကြိုတိုးထားရသည်။

"တီးးးးး"

အခုမှပဲလေကိုတစ်ဝကြီးရှူရသည်။ကားပေါ်မှာကျွတ်ကျမည်ဆိုး၍ခပ်တိုတိုဝတ်ထားသောချည်ပုဆိုးအားပြန်ပြင်ဝတ်သည်။ကချင်လွယ်အိတ်အနီလေးကိုသေချာပြန်လွယ်သည်။အနည်းငယ်ဖရိုဖရဲဖြစ်နေသောဆံပင်ကိုတံတွေးဖြင့်သပ်သည်။သူ့အတွက်ဒီလောကိဆိုအဆင်ပြေသည်။လက်ကနာရီကိုကြည့်မိတော့ ၈း၁၅။ သူကျော့ကျော့ကလေးသာ ကျောင်းဝင်းဆီတစ်လှမ်းချင်းလျှောက်လာခဲ့လိုက်တော့သည်။Second Year ဟိုးကင်းကြီးဆိုတော့ ဒီနေ့ Fresher လေးတွေကိုငမ်း အဲလေ သူ အကဲခတ်ဆုံးဖြတ်ပေးရဦးမယ်မလား။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now