"မင်းအတည်ပြောနေတာလား အသစ်"
သူ့စကားကြောင့်ခန့်ညားခမျာအံ့သြနေမည်မှာတော့အသေအချာပင်။ ခေါင်းညိမ့်ရုံမှတပါး...
"မင်းပြောတော့ ကြည့်မရဘူးဆို"
"ကြည့်မရတာမဟုတ်ဘူး။ မြင်ရင် ရင်တွေနာတာ။ ပြောရရင် ကာကွယ်ပေးချင်တာကွာ။"
ခန့်ညားကမလွယ်ဘူးဆိုသည့်စတိုင်လ်ဖြင့်ခေါင်းတွေရမ်းသည်။
"ဘယ်ကနေ ဘယ်လိုဖြစ်ရတာလဲ။
မင်းဘေးမှာ စော်အလန်းကြီးတွေမှ တစ်ပုံကြီးကို"
ပြောရင်လည်းခံရတော့မည်။အသာ့ကိုတွေ့ရင် သူရင်နာသည်။အကြောင်းအရင်းသေချာမသိပါ။သို့ပေမဲ့ သေချာသိတာတစ်ခုတော့ရှိသည်။အသာထိခိုက်ရင်သူပါနာကျင်သည်။အသာငိုရင် အဲ့ဒီငိုအောင်လုပ်သူကိုသူသတ်ပစ်ချင်သည်။အသာပြုံးနေတာပဲမြင်ချင်သည်။နောက်တစ်ခု အသာ့ကိုမြင်ရင် သူအလိုလိုပြုံးမိသည်။
"ဒီလိုပဲပေါ့ကွာ
နှလုံးသားက စေခိုင်းလို့မှမရတာ
ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ
သူချစ်ချင်တဲ့လူချစ်မှာပေါ့"
"မင်းတော့ဂေါက်နေပြီ အသစ်"
"အေး...။
တော်ပြီကွာ
အသာ့ကိုလွမ်းလာပြီ။သွားတွေ့လိုက်ဦးမယ်"
အနောက်ကခန့်ညားပြောနေသည်များလည်းသူမကြားတော့ပါ။ခြေလှမ်းတွေကတော့ ဆက်ကောင်းသာတို့အခန်းရှိရာသို့ဦးတည်လျှက်သာရှိတော့သည်။မနက်ခင်းကကျောင်းတက်ရန်သွားခေါ်တဲ့ကိစ္စကိုတွေးမိတော့လည်း သူအလိုလိုပြုံးမိပြန်သည်။မနက်ကအသာသည်သူ့မျက်နှာအားစေ့စေ့ပင်မကြည့်။စကားလည်းကောင်းကောင်းမပြော။အသားဖြူသူမို့နားရွက်ကလေးများကရဲနေသည်ကိုတွေ့မိရာ အသာရှက်နေမှန်းသူခန့်မှန်းမိခဲ့ပါသည်။တွေးရင်းလျှောက်လာရာအသာတို့အခန်းနားပင်ရောက်လာသည်။နာရီကိုကြည့်မိတော့ထမင်းစားချိန်နားရန်၁မိနစ်တောင်မလိုတော့။သူကော်ရစ်မှာပင်နံရံကိုမှီရင်းစောင့်နေလိုက်သည်။မကြာလိုက်ပါ။အတန်းလွှတ်သည်။အခန်းထဲမှထွက်လာမည့်ဆက်ကောင်းသာအားမျှော်နေမိသည်။သို့ရာတွင်တော်တော်နှင့်ထွက်မလာသည့်အဆုံးအတန်းထဲသို့သာဝင်လိုက်လာတော့သည်။မြင်လိုက်ရသောမြင်ကွင်းကသူ့အာဒေါသထွက်စေ၏။
