မိတ်ဆက် (၂)

7.7K 639 22
                                    

၂၀၂၀ ခုနှစ်။

လူအများအိပ်မောကျချိန်မနက်လေးနာရီခန့်ဖြစ်သည်။ငွေအတွက်ရုန်းကန်လှုပ်ရှားရသောတစ်နေ့လုပ်တစ်နေ့စားများအတွက်ထိုအချိန်သည်တစ်နေ့တာစတင်ရသောအချိန်သာ။လမ်းမကြီးနှစ်ခုကြားရှိသောလမ်းသွယ်သုံးလမ်းသည်ရပ်ကွက်တစ်ခုဖြစ်ရာသူတို့ရပ်ကွက်ကလေးသည်မကျဉ်းလှသော်လည်းလူနေစိပ်သည်။များသောအားဖြင့်သစ်သားအိမ်ကလေးများသာဖြစ်သော်လည်းတိုက်ခံအိမ်လေးတစ်လုံးစနှစ်လုံးစရှိသည်။တစ်အိမ်နှင့်တစ်အိမ်မနီးမဝေးတည်ရှိနေသည်။လမ်းထိပ် ဘုန်းကြီးကျောင်း၏မနက်အာရုဏ်ဆွမ်းဖြစ်သောငါးနာရီတန်းဆွမ်းလောင်းနိုင်ရန်ဆွမ်းချက်သူများချက်နေပြီ။နေ့တတူအသားဟင်းများမလောင်းနိုင်သည့်တိုင် ငါးခြောက်ဖုတ်သူဖုတ်၊ ငါးကြော်သူကြော်၊
ငံပြာရည်ချက် စသဖြင့်တစ်ရပ်ကွက်လုံး ညှော်နံ့တထောင်းထောင်း။သူတို့ရပ်ကွက်တွင်သူများဆီအလုပ်ဆင်းသောလခစားများရှိသလိုကိုယ်ပိုင်အလုပ်လုပ်ကိုင်သူများလည်းရှိသည်။ကိုယ်ပိုင်အလုပ်
ဆိုရာတွင် အခြားမဟုတ်။မုန့်ဟင်းခါးဆိုင် ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ ထမင်းကြော်ဆိုင် စသဖြင့် ရပ်ကွက်အကျိုးပြု ကိုယ်ပိုင်လုပ်ငန်းရှင်များသာ။မနက်ငါးနာရီဆိုလျှင်ပင်လှုပ်ရှားသွားလာနေသောလူများဖြင့်ဆူညံနေသည်မှာမြောက်ဥက္ကလာအနန်းပင်ရှိအစွန်ဆုံး ပုရွက်ဆိပ်ကုန်း ရပ်ကွက်လေးသာဖြစ်ပေသည်။

"ဆက်ကောင်း သား...ထစမ်း
အမေ့ကိုကူဦး"

"....."

"ဟဲ့ ဆက်ကောင်းသာ
ဒုန်း ဂလွမ်း"

သည်အသံသည်လည်း
နေ့စဉ်ကြားရမြဲဖြစ်ရာမထူးဆန်းတော့။

"အားး
အမေရာ ထပြီ ထပြီ"

"အေး လာ
ဆိုင်ထွက်ဖို့ လာကူ"

မနက်ပိုင်းတွင် ထမင်းကြော်၊ မုန့်ဟင်းခါး၊
နေ့လည်ဘက်တွင် ထမင်း၊ဟင်းအစုံ။
အဖေမရှိတော့တဲ့သူတို့မိသားစုအတွက် ဝင်ငွေသည်ဒီဆိုင်လေးပေါ်မူတည်၏။ထိုသို့ရောင်းနိုင်ဖို့ သူတို့
တစ်အိမ်လုံး မနက်လေးနာရီဆိုထရမြဲ။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now