(၄) လခန့်ကြာသော်.......
"တောင်းပန်ပါတယ်
တောင်းပန်ပါတယ် မောင်ရယ်"
"ကိုဆက် သတိထားလေ
ကိုဆက် ကိုဆက်"
ဝရုန်းသုန်းကားနိုးထလာသောကိုဆက်နှင့် ဒီနေ့မနက်ခင်းသည် သူ့အတွက်တော့ ထူးဆန်းမနေခဲ့။
"မောင်
ငါ ငါ တောင်းပန်ပါတယ်နော်။ တောင်းပန်ပါတယ်"
သူ့ကိုဖက်တွယ်ကာငိုနေရှာသော ကိုဆက်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရပြန်၏။ နှုတ်က တောင်းပန်စကားတတွတ်တွတ်ပြောနေသော ကိုဆက်...အိမ်မက်ဆိုးတွေများမက်ပြန်ပြီလား။
"ကိုဆက် ကိုဆက် မောင့်ကိုကြည့်
ကိုဆက်"
ငိုလွန်းထားသဖြင့် နှာခေါင်းလေးတွေပင်ရဲလို့...မျက်ခွံတွေပင်အစ်လို့။
"မောင် ငါကြောက်တယ်"
မဆိုင်းမတွပြောလာသောစကားတို့တွင် သူကျဆုံးရပြန်သည်။
"မောင့်ကိုအဲ့လောက်တောင်ကြောက်တာလား
ကိုဆက်ရာ"
ကိုဆက်ခေါင်းခါသည်။
"မောင်"
"ပြော ကိုဆက်
မောင် နားထောင်နေတယ်"
ကိုဆက်ဘက်ကစလို့ အနမ်းရယ်မဆိုသာတဲ့ ခပ်ဖွဖွအနမ်းလေးတစ်ပွင့် သူ့ နဖူးပြင်ပေါ် ချွေချလေရဲ့။
"မောင့်ကို ဆုံးရှုံးရမှာ ကြောက်တယ်"
ကိုဆက်စကားဆုံးတော့ သူ ကိုဆက်ကိုယ်လုံးလေးကို သိမ်းကျုံးဖက်မိလိုက်တော့သည်။
"မဆုံးရှုံးရပါဘူး ကိုဆက်ရာ။
မောင်က ကိုဆက့်အတွက်ပဲဟာ"
ကိုဆက် အိမ်မက်ဆိုးတွေမက်ခဲ့ပုံရ၏။
"ဒါနဲ့ အိမ်မက်မက်နေတာလား ကိုဆက်
ဟုတ်လား"
ထိုအခါမှ ဖက်ထားသောသူ့လက်အားရုန်းကာတစ်ဖက်သို့လှည့်သွားတော့သည်။ ယနေ့မနက်ခင်းတွင် ကိုဆက်သည် ပုံမှန်အချိန်ထက်ပင် ချစ်စရာကောင်းနေ၏။
"အင်း"
မရဲတရဲ"အင်း" ဟုပြောပုံလေးကအစသူသည် ကိုဆက်အားချစ်မြတ်နိုးရပါသည်။
