အပိုင်း (၂၃)

2.6K 244 21
                                        


"ဘကြီး မကောင်းတော့ဘူး"

ဆက်ကောင်းနှင့်မော်ကွန်းသစ်ပျောက်နေသည်မှာတစ်ပတ်တိတိကြာခဲ့ပြီသာဖြစ်သည်။သူဘယ်လိုပင်စုံစမ်းသော်လည်းအကြောင်းထူးမလာခဲ့ပေ။သေချာသည့်တစ်ခုကတော့ဟိုလူကြီးလက်ချက်မဟုတ်ခြင်းပင်။ဒါဆိုဘာအကြောင်းကြောင့်ပျောက်ခြင်းမလှပျောက်နေကြသလဲ။ဆက်ကောင်းသာဘက်ကရောဘာလို့ငြိမ်နေသလဲ။မော်ကွန်းသစ်တို့ဘက်ကရော။ယုတ်စွအဆုံးမင်းမဟာကိုယ်တိုင်ကပင်သူ့ကိုဒီအကြောင်းအရာများစကားမစခဲ့။သူကိုယ်တိုင်စုံစမ်းနေ၍သိရှိခဲ့ရခြင်းသာဖြစ်တော့သည်။

"ဘာများလဲ သားချိန့်"

"မော်ကွန်းတို့နဲ့ အဆက်အသွယ်မရဘူး ဘကြီး"

ဘကြီးအောင်ပြာပြာသလဲဖြစ်သွား၏။

"မဟုတ်ဘူးဘကြီး။
ဟိုဘက်ကခုထိမလှုပ်ရှားသေးဘူး"

ထိုအခါမှပဲဘကြီးကအနည်းငယ်စိတ်အေးသွားသလိုရှိတော့သည်။

"အဲ့ဒါ ကျွန်တော် တစ်ချက်စုံစမ်းကြည့်ရမှာ။
ဘကြီးးအိမ်မှာပဲနေပါ။ ဒီနေရာကပဲလုံခြုံလို့"

"ငါ့ကိုစိတ်ချပါကွာ။
သား ချိန့်.....မင်းသာဂရုစိုက်"

သူဘကြီးကိုနှုတ်ဆက်ပြီးသည်နှင့်ထိုနှစ်ယောက်ကိုရှာရန်သာထွက်လာခဲ့တော့သည်။အမှန်အတိုင်းဆိုရလျှင်ခေါင်းထဲဘာမှစဉ်းစား၍မရ။မော်ကွန်းနဲ့ဆက်ကောင်းသာသည်အရင်လိုမျက်နှာချင်းဆိုင်၍မရသောအခြေအနေလည်းမဟုတ်၊ခင်မင်နေကြပြီးသူတွေမလို့စိတ်မပူပေမဲ့ ဒီလိုအရေးကြီးနေချိန်ထိုနှစ်ယောက်တစ်ပြိုင်တည်းပျောက်သွားသည်ကအလွန်ထူးဆန်းနေသည်။ဖုန်းဆက်သော်လည်းဆက်မရ။ဆက်ကောင်းသာတို့အိမ်ကိုသွားရှာခဲ့သော်လည်း "ခရီးသွားနေတယ်" ဟုလွယ်လွယ်ပြောပုံထောက်လျှင် ဒီကိစ္စကသွေးရိုးသားရိုးမည်သို့မျှမဖြစ်နိုင်ပါချေ။

#ကျွီ#

#တီးးးးးးး#

#ဝုန်း#

#တီတီတီ#

အတွေးလွန်နေစဉ်မှာပင်သူ့ကားရှေ့သို့ပိတ်ရပ်လာသောကားတစ်စီးကြောင့်အလျင်အမြန်ဘရိတ်အုပ်လိုက်ရတော့သည်။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Dove le storie prendono vita. Scoprilo ora