မိုးလေးကတဖွဲဖွဲ၊အချိန်အခါမဟုတ်ရွာသောမိုးပေမလို့အေးစိမ့်စွာ။ဒီလိုဒီဇင်ဘာလမျိုးတွက်မိုးရွာနိုင်သည်ဟုမတွက်မိသည်မှာသူ့အမှားသာ။အခုတော့ကားပေါ်ကဘယ်လိုဆင်းရမလဲမသိသလို ကျောင်းဆီ
ဘယ်လိုလျှောက်ရမှန်းပင်မသိတော့။
#ကျွီ#
"အားနာပါတယ်ခင်ဗျ။ကားပျက်သွားတာမလို့နောက်တစ်စီးပြောင်းစီးပေးကြပါ"
သူအတွေးပင်မဆုံးမီကားကတုန့်ခနဲရပ်ကာကားဆရာ၏အသံကပေါ်လာလေသည်။သူ့အနေနဲ့တော့အိမ်ပဲပြန်ချင်တော့တာပဲ။အပြင်ဘက်ကြည့်မိတော့မိုးကအနည်းငယ်စဲနေပြီဖြစ်၍သာတော်တော့သည်။မတတ်သာသည့်အဆုံးသူနောက်မှတ်တိုင်ရောက်အောင်လမ်းလျှောက်ရန်သာပြင်ရတော့သည်။
"တီ တီ"
ဟွန်းသံကြားတော့ တစ်ချက်တော့လန့်သွားသည်။
မဟုတ်ပါစေနဲ့ ဆုတောင်းမိသော်လည်း အချည်းအနှီးသာ။
"ဟေ့ရောင် တက်"
ဘေးကိုထိုးရပ်လာသော
ကားအပြာလေးပေါ်ကလာသည့်အသံ။
"ဟို ဟို
ကိုချိန့် ကျွန်တော် ဒီနေ့ ကျူတိုရှိလို့...."
#ကျစ်#
"ဆက်ကောင်းသာ
ငါဆွဲတင်ရမလား"
အချေအတင်မဖြစ်လို၍ ကားပေါ်တက်ကာ
လိုက်လာရတော့သည်။
"ဟင်"
ကားလေးကတော့ စီးပွားရေးတက္ကသိုလ်ဘက်သို့
တန်းတန်းမတ်မတ်။
"ကိုချိန့်ရာ
ကျောင်းသွားမယ်ဆိုလည်းပြောပေါ့"
ဘာမှပြန်မပြောတော့တဲ့ ကိုချိန့်ကိုကြည့်ရင်း
ပြုံးမိသည်။သူအလုပ်ရှင်ရတာကံကောင်းသည်ကိုး။
"မင်း အလုပ်ထွက်တော့"
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့်သူခေါင်းနပန်းများကြီးလာရသည်။
"ဟို ကျွန်တော် ဘာများ အမှားလုပ်မိလို့လဲ"
သူအယောင်ယောင်အမှားမှားမေးမိသော်လည်းအချည်းအနှီးသာ။အလုပ်ထွက်ဆိုသည့်သဘောကလျော်ကြေးပေးရမည်လားဘာလားတော့သူမသိ။သူသိတာတစ်ခုတော့ရှိသည်။သူဒီအလုပ်ထွက်လိုက်လျှင်မော်ကွန်းသစ်ကိုမတွေ့နိုင်တော့မှာစိုးရိမ်သည်။
