အပိုင်း (၁၂)

3.3K 359 24
                                    

"ကျွတ်စ် ကျွတ်စ်"

အဆမတန်ထိုးကိုက်နေသောခေါင်းကိုအသာဖိရင်းသူနိုးလာခဲ့သည်။ဘေးဘီကြည့်မိတော့လည်းဘယ်သူမှရှိမနေ။သတိရမိလို့အချိန်ကိုကြည့်မိတော့ည၈နာရီပင်ကျော်နေလေပြီ။ဟုတ်သည်။သူမနက်ကကိုသစ့်အိမ်သို့လိုက်လာမိခဲ့သည်။ပြီးတော့....ပြီးတော့သူတို့သောက်ကြသည်လားစကားပြောကြသည်လား။စဉ်းစားကြည့်ပေမဲ့ဝေဝေဝါးဝါးသာ။သူတို့အရက်သောက်ကြသည်ထင်ရသည်။ယမကာဆိုအနံ့တောင်မခံနိုင်တဲ့သူကမူးအောင်သောက်ခဲ့သည်ဆိုတာကတော့တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကသက်သေပင်။သို့ပေမဲ့အခုအချိန်အဲ့ဒါကအရေးမကြီး။ညကြီးမင်းကြီးမှာကိုသစ်ဘယ်ရောက်သွားသလဲကသာအရေးကြီးသည်။သူအိပ်ယာပေါ်မှထကာအိမ်ရှေ့ခန်းဆီသို့သာထွက်ခဲ့တော့သည်။

"နိုးပြီလား"

မီးဖိုချောင်ဘက်ဆီမှပန်းကန်လေးကိုင်ကာထွက်လာသောကိုသစ်သည်သာမန်မြင်နေကျဘောင်းဘီနှင့်တီရှပ်ဝတ်ထားခြင်းမျိုးမဟုတ်ဘဲပုဆိုးလေးနဲ့ဆိုတော့မျက်စိထဲတစ်မျိုးလေးဖြစ်နေသည်။

"လာ ထိုင်"

"ဘာတွေလဲကိုသစ်"

စားပွဲတွင်ဝင်ထိုင်ရင်းမေးမိတော့ ဟင်းရည်ပန်းကန်လေးကသူ့ရှေ့တန်းရောက်လာတော့သည်။

"ကျောက်ဖရုံဟင်းရည်
သောက်လိုက်
မင်းခေါင်းကိုက်နေတယ်မလား?"

သူအံ့သြမိပါသည်။ပုံမှန်ဆို မေးခွန်းမေးမိတဲ့သူ့ကိုလျှာရှည်ပြန်ပြီလို့ပြောနေကျကိုသစ်ကအခုတော့စိတ်ရှည်စွာသူ့အားဆက်ဆံနေသည်။လေသံသည်ပင်မမာတော့သောကိုသစ်။တကယ်ပဲမနက်ကသူဘာတွေလုပ်ထားမိလဲမသိတော့ပါ။

"ဟိုလေ ကိုသစ်"

"အင်း
ဘာလိုလို့လဲ ချာတိတ်"

မဆိုင်းမတွပြန်ဖြေသောကိုသစ်ရယ်ပါလေ။

"ကျွန်တော်အမှားလုပ်မိရင်တောင်းပန်ပါတယ်နော်"

"ဟမ်"

ကြုတ်သွားသောမျက်မှောင်နဲ့တွန့်တက်သွားသောမျက်ခုံး။ ထို့အတူမကျေမချမ်းအကြည့်တို့ကတပြိုင်တည်းရောက်လာတော့ မနေနိုင်မထိုင်နိုင်ဖြစ်ရသည်က သူပါလေ။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Donde viven las historias. Descúbrelo ahora