ကျောင်းဝင်းကြီးသည်ကျယ်ဝန်းလှသလိုအထဲတွင်လည်းအဆောင်ပေါင်းများစွာတည်ရှိနေသည်။ဒီနေ့တော့သိသိသာသာလှုပ်ရှားနေသောစိတ်ကိုအသာထိန်းနေရသည်။
"နင် ဘယ်သွားဦးမလို့လဲ"
"ဟို .."
"အသာ နင်ငါ့ကိုလိမ်ရင်တွေ့မယ်"
"ကန်တင်းပါဟ"
အမှန်တကယ်သည်ကန်တင်းမဟုတ်။ ကိုမော်ကွန်းသစ်ကို ပိုက်ဆံပြန်ပေးဖို့သွားတယ်ဆိုတာသာ မြတ်သွယ်ဦးသိလျှင်လွယ်မည်မထင်။အဲ့တော့လည်း သူမုသားသုံးရတော့သည်။
"ပြီးရော"
သွယ်ကြီးသည်မယုံသင်္ကာဟန်ဖြင့်ပြောကာ အတန်းထဲမှထွက်သွားတော့သည်။ သွယ်ကြီးထွက်သွားတော့မှ ခပ်သုတ်သုတ်ခိုးထွက်လာရသည်။ အဆောင်ပါင်းများစွာ၊ကျောင်းသားပေါင်းများစွာရှိသော်လည်းထိုလူကိုရှာဖွေရန်သိပ်မခက်ခဲလှ။နာမည်ကြီးပေမလား။
"မင်းက ဘာလုပ်မလို့လဲ?"
ထိုလူတို့အတန်းမှကောင်မလေးတစ်ယောက်အားမေးနေစဉ်အနောက်မှမကျေမနပ်ဖြင့်မေးလာသောလူတစ်ဦး။ထိုလူသည်ပင် ဟိုလူနှင့်ဘာတော်သည်မသိ။ ပုံစံသည်တစ်ပုံစံတည်း။မည်သူ့မျှလူမထင်သည့်စရိုက်မျိုး။
"ကျွန်တော် ပြန်ပေးစရာရှိလို့ပါ။
အကိုက ကိုမော်ကွန်းသစ်ကို သိလို့လားခင်ဗျ"ထိုလူသည်မိမိအားခြေဆုံးခေါင်းဆုံးသေချာကြည့်ကာအကဲခတ်သည်။
"အေး။ပေးစရာရှိတာ ငါ့ကိုပေးခဲ့။ ငါအသစ်ကိုပေးလိုက်မယ်"
"အသစ်ကို?"
"ကျစ်
မော်ကွန်းသစ်ကိုပြောတာ"ထိုလူမှာစိတ်မရှည်ဟန်ဖြင့်ပြောသည်။
"ကျွန်တော်မှအကို့ကိုမသိတာ။ဘယ်လိုယုံရမှာလဲ?"
ထိုအခါထိုလူသည်သူ့အား ထူးဆန်းသတ္တဝါတစ်ကောင်တွေ့သည့်နှယ်တအံ့တသြကြည့်လေသည်။
"ဘာ
ဘာ ဘာလို့လဲ?"သူမနေတတ်တော့။မသိလို့မသိဘူးပြောတာ ဒီလောက်အံ့သြပြစရာမှမလိုဘဲ။