"မောင်"
"အင်း
ပြောလေ ကိုဆက်"
သူဒီရက်ပိုင်း ကိုဆက့်ကိုပြန်မလွှတ်မိတာတောင်ကြာပေါ့။ခဏလေးတောင်မခွဲချင်တာလည်းပါတာပေါ့လေ။သူတစ်ဇွတ်ထိုးနိုင်သည်ကိုလည်းကိုဆက်ကနားလည်ပေးရှာပါသည်။
"မင်းငါ့ကို ကစားနေတာတော့ မဟုတ်ဘူးမလား"
သူသိသည်။ကိုဆက်တစ်ခုခုကိုအတွေးလွန်နေတာပဲဖြစ်မှာ။
"ဘာလို့အဲ့လိုထင်ရတာလဲ ကိုဆက်ရာ"
မျက်နှာလေးညိုးကျသွားပြန်၏။အမှန်ဆို ဒီအချိန်ထိသူ့ခံစားချက်တွေက ကိုဆက်အတွက်တော့အရမ်းမြန်ဆန်လွန်းနေမယ်ဆိုတာသူသိပ်သိတာပေါ့။ကိုယ်လုံးလေးကိုဆွဲလှည့်ရင်း မျက်နှာချင်းဆိုင်မိလိုက်တော့ခေါင်းလေးအသာငုံ့နေလေရဲ့။
"မောင့်ကို ကြည့်
ကိုဆက်"
မော့ကြည့်လာသောမျက်ဝန်းအစုံဟာအားငယ်မှုအပြည့်ဖြစ်နေလေတော့သူနှစ်သိမ့်ပေးဖို့စကားလုံးရှာရတော့သည်သာ။
"ဘာလို့ အဲ့လို ထင်တာလဲ "
ခေါင်းခါသည်။ပုံမှန်ဆိုပေါက်ပေါက်ဖောက်ကာလေမတိုးအောင်စကားများသောကိုဆက်သည်ယခုအခါနှုတ်ဆိတ်၍သာနေလေတော့သည်။
"မောင့်ရုပ်က အဲ့လိုပေါက်နေလို့"
"ဟောဗျာ"
"အသက်ကြီးတဲ့လူကဒီလိုမပြောသင့်မှန်းသိပါတယ်။
ငါမရင့်ကျက်သေးဘူး။
မောင်...မင်းနဲ့ပတ်သက်ရင် ငါမရင့်ကျက်ဘူးပဲ"
သူကိုဆက်ကိုယ်လုံးလေးကိုတင်းနေအောင်ဖက်ထားမိတော့သည်။သူသိသည်။ကိုဆက်သူ့အပေါ်ခံစားချက်တွေပိုလာပြီဆိုတာစိတ်ချင်းနီးသူမို့သူခံစားလို့ရနေသည်။
"အဲ့လိုဘယ်တော့မှမတွေးနဲ့ ကိုဆက်
မောင်က ကိုဆက်မှကိုဆက်ဖြစ်နေတာ။
ကိုဆက် မရိပ်မိခင်ကတည်းကပဲ"
ထိုအခါမှရင်ခွင်ထဲကရုန်းကာမကြည်သလိုမျက်စောင်းလေးထိုးပြီးပြုံးလေရဲ့။
"လာ ထိုင်
မောင့်ဘဲလေးကို မောင် ဘယ်လိုကြွေခဲ့ရလဲ
ပြောပြမယ်"
