"ဖြည်းဖြည်း"
ကိုမော်ကွန်းသစ်အိမ်ကိုရောက်တော့ ထူးထူးဆန်းဆန်းပင် ထိုလူသည် ကိုယ်တိုင်ကိုယ်ကျကားတံခါးလာဖွင့်ပေးသည်။
"ဟုတ်
ရတယ်"
သူအားနာစွာပြောမိတော့ ထိုလူကမျက်မှောင်ကျုံ့သည်။ထို့နောက် မပြောမဆို သူ့ရှေ့လက်မောင်းကြီးထိုးပေးပြန်သည်။
"ဟို
ကျွန်တော်.."
သူစကားမဆုံးလိုက်၊ ထိုလူကလက်အားဆွဲကာလက်မောင်းတွင်ချိတ်စေသည်။သူကြောင်နေစဉ်မှာပင်ချိတ်လျှက်သားနှင့်အဆောက်ဦးရှိရာသို့ဝင်သွားတော့သည်။
"ဒီည ဘာ စားချင်လဲ"
အိမ်ထဲရောက်ပြီးပြီးချင်းမဆိုင်းမတွမေးပြန်သည်။
"ရ ရပါတယ်။"
"နေဦး။ကြေးအိုးဝယ်ပေးမယ်။
မင်းဆေးသောက်ရမယ်လေ"
ပြောပြောဆိုဆိုအိမ်ပြင်ပြန်ထွက်ရန်ပြင်နေသော မော်ကွန်းသစ်အား သူတားမိသည်။
"ဆေးကညနေမှသောက်ရမှာ၊ အခုက ခဏအိပ်လိုက်ရင်သက်သာသွားမှာ....."
သူဆက်မပြောဘဲရပ်ထားတော့ ဘာလဲဆိုသည့်သဘောမေးငေါ့သည်။သူပြောသင့်မပြောသင့်စဉ်းစားသည်။သို့သော်လည်းငယ်ငယ်ကတည်းကအကျင့်တစ်ခုကဖျောက်ဖို့ခက်သားလား။မပြောမပြီးဆိုတော့လည်းသူမျက်စိစုံမှိတ်ကာသာပြောချလိုက်တော့သည်။
"ကျွန်တော့်နားမှာပဲနေပါလား"
အဖြေပေးသံမကြားရသည့်တိုင်သူမော့မကြည့်ရဲသေး။သူ့ကိုတစ်မျိုးထင်သွားရင်မခက်သားလား။သူကလည်းသူ။နည်းနည်းနေမကောင်းဖြစ်ချင်ပြီဆိုသည်နှင့်အနားမှာလူတစ်ယောက်ရှိနေမှ။မရှိရင်ကြောက်သလို၊အားငယ်သလို။အမှန်ကတော့ အိမ်မက်လိုလိုအရာတွေကြောင့်။ကျန်အချိန်တွေအဆင်ပြေသော်ငြားသူအားနည်းနေချိန်များတွင်ကယောင်ကတမ်းအိမ်မက်များမက်စမြဲ။နိုးလာလျှင်မည်သည့်အကြောင်းအရာမှန်းမမှတ်မိပေမဲ့ဒီတစ်မျိုးထဲဖြစ်ကြောင်းတော့သူသိသည်။ထိတ်လန့်စရာအိမ်မက်ဆိုးဆိုသည်ကိုလည်းသိသည်။အကြောင်းအရာကိုတော့သူဘယ်လိုမှစဉ်းစားမရခဲ့။
