အပိုင်း (၁၇)

2.9K 322 14
                                    

"နိုးနေပြီလား ဘကြီး"

"အေးသားချိန့်
ရွာမှာအစောကြီးထနေကျဆိုတော့
မျက်လုံးက အကျင့်ဖြစ်နေပြီဟေ့"

မနက်၅နာရီကျော်ကျော်ပင်ရှိသေးသည့်တိုင်သူနိုးလာတော့ဘကြီးကအရင်နိုးနေနှင့်လေသည်။

"ခဏ နော်
ကျွန်တော်မနက်စာပြင်ပေးမယ်"

#တီတီတီ#

"အေးပြော"

"....."

"သူတို့နှစ်ယောက်ကိုသေချာစောင့်ရှောက်
မျက်ခြေမပြတ်စေနဲ့"

တစ်ဖက်ကဖုန်းချသွားပေမဲ့သူရတက်မအေး။ဟိုကလေးနှစ်ယောက်အန္တရာယ်ဖြစ်မှာတော့သူတကယ်မလိုလားပေ။

"ဘကြီးတို့၃ယောက်လည်း
သိပ်ချစ်ခဲ့တဲ့ညီအကိုတွေဖြစ်ခဲ့ကြဖူးတာပဲကွာ"

အနောက်မှဘကြီးကသူ့ကိုကြည့်ရင်း ခပ်ဆွေးဆွေးရေရွတ်သည်။သူလည်းသိချင်သလောက်တော့မေးရမည်။ယခုအချိန်ထိမရှင်းလင်းတဲ့ကိစ္စတွေကရှိနေသေးတယ်မလား။

"ဘကြီးအပန်းမကြီးရင် အဲ့အကြောင်းတွေ
ကျွန်တော့်ကို ပြန်ပြောပြပါလား"

ဘကြီးကခေါင်းတညိမ့်ညိမ့်လုပ်နေသည်။ပြီးနောက်ဆွေးမြေ့စွာအသံတုန်တုန်ရီရီဖြင့်စကားစလေတော့သည်။

"ဘကြီးတို့သုံးယောက်လုံးအဲ့ဒီအလုပ်ကိုစွန့်လွှတ်ဖို့တကယ်ကြိုးစားခဲ့ကြတာပါ..........ဒါပေမဲ့
ကံတရားက မျက်နှာသာမပေးခဲ့ဘူး........"

" ဖေဖေက ဖေဖေက"

"အင်း...ဘကြီးအမှာတွေပါ သားချိန့်ယ်"

သူအသံမထွက်လာနိုင်တော့။မျက်စိရှေ့တွင်အဖေတစ်ယောက်လုံးအသတ်ခံခဲ့ရသည့်မြင်ကွင်းက ဒီတစ်သက်မေ့နိုင်မှာတဲ့လား။

"ဆရာကြီးအဲ့လောက်ယုတ်မာမယ်လို့ မတွက်မိခဲ့တာဘကြီးတို့အမှားပေါ့ သားရယ်"

ဘကြီးသည်ပြောနေရင်းတန်းလန်းလက်ဖမိုးဖြင့်မျက်ရည်စတို့ကိုသုတ်သည်။

"မင်းအဖေကဘကြီးကိုသတ်လိုက်ပြီဆိုတာသိတာနဲ့ ဆရာကြီးက မင်းအဖေကိုရှင်းတော့တာပဲ
အမှန်ဆို ဘကြီးမကောင်းတာပါ
အဲ့အချိန်မှာဆက်ပြီးဟန်ဆောင်နေခဲ့ရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူး"

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Donde viven las historias. Descúbrelo ahora