"အသစ် သတိရလာပြီလား"
သူတစ်ကိုယ်လုံးနာကျင်စွာနိုးထလာခဲ့သည်။ဘေးမှာတော့သူမျှော်လင့်သလိုကိုဆက်ရှိမနေ။သူ့ကို စိုးရိမ်တကြီးမေးလာသော ခန့်ညားသာရှိနေခဲ့သည်။
"ကိုဆက်...."
"တောက်
မင်းကိုယ်မင်းလည်း ကြည့်ဦး
ဒီလောက်ဖြစ်နေတာတောင် ကိုဆက်နေသေးတယ်"သူမမှုပါ။ ကိုဆက်အန္တရာယ်ကင်းဖို့သာလိုသည်။
"ပြောစမ်းပါ ခန့်ညား....
ကိုဆက်ရော"သူလူးလဲထမိတော့ ရိပ်ကနဲဖြစ်သွားသည်မို့လက်နဲ့ကပြာကယာထောက်လိုက်မိသည်။
"အ"
လက်ကပါဆစ်ခနဲ။
ဟုတ်ပေသား။
သူ့လက်အခြေအနေက....."မင်းလက်ကအကြောတွေ ပြတ်ဖို့ နည်းနည်းပဲလိုတယ်
အကုန်သာပြတ်ကုန်ရင် မင်းလက်ဖြတ်ပစ်ရမှာ
ဟမ် .. နားလည်လား""ခန့်ညား ... ကိုဆက်ဘယ်မှာလဲလို့မေးနေတယ်လေ"
သူငယ်ချင်းဖြစ်သူသည်သူ့အားစုတ်တစ်ချက်သပ်ရင်းသာစိတ်ပျက်ဟန်ပြ၏။
"ဟိုဘက် အခန်းထဲမှာ"
သူစိတ်အေးသွားရသည်။အနည်းဆုံးကိုဆက်သူ့နားမှာရှိနေသေးတာပဲမလား။
"မင်းက ဘယ်လိုရောက်လာတာလဲ"
"ဒေါ်ရီ ဖုန်းဆက်လို့"
"ကိုဆက်သိသွားပြီလား"
သူစိုးရိမ်မိပါသည်။ဒီလိုကိစ္စတွေကိုဆက်မသိတာပိုကောင်းသည်မလား။
"မသိလောက်ဘူး
ကားအက်ဆီးဒင့်ဖြစ်တယ်လို့ပြောထားတယ်"တော်သေးသည်။နို့မို့ ကိုဆက် သူ့ကိုစိတ်ပူနေမှာလို့
အယောင်ယောင်အမှားမှားတွေးမိတော့ သူရယ်ချင်လာသည်။ကိုဆက်နဲ့သူက အရင်လို ဆက်ဆံရေးမျိုးမှမဟုတ်ကြတော့ပဲ။ဟုတ်သည်။
လွန်ခဲ့တဲ့တစ်ပတ်က သူကိုဆက်ကိုဒီအိမ်လေးကိုခေါ်လာခဲ့မိသည်။သူ့အတွက်အကြောင်းပြချက်များစွာရှိသော်လည်းကိုဆက့်အတွက်တော့နားလည်ဖို့တော်တော်ခက်ခဲနေလိမ့်မည်။မေ့ဆေးပြယ်လို့ သတိပြန်ရလာတဲ့ကိုဆက်ကို အချိန်တစ်ခုထိ ဒီမှာ သူနဲ့နေဖို့ပြောရသည်။အကြောင်းအရင်းမေးသော်လည်းသူ့မှာဖြေစရာရှိမနေခဲ့။ ထိုနေ့ကစလို့ ကိုဆက်သူ့ကို စကားကောင်းကောင်းမပြောတော့။ ထမင်းစားချိန်အခန်းထဲကထွက်စားသည်။ အိပ်ချိန်အိပ်သည်။ကိစ္စတစ်ခုခုရှိလျှင်ဒေါ်ရီကိုခေါ်ခိုင်းသည်။ကျန်တဲ့အချိန်များတော့သူ့ဘာသူလုပ်စရာရှိတာလုပ်နေတတ်သည်။မော်ကွန်းသစ်ဆိုသူအားရှိသည်ဟုပင်ထင်ပုံမရတော့။
