အပိုင်း (၃၄)

3K 181 8
                                        

#တီတီတီ#

မနက်စောစောဝင်လာသောဖုန်းကြောင့် မင်းမဟာ တစ်ယောက် မျက်လုံးမဖွင့်ချင်ဖွင့်ချင်ဖြင့်သာ ဖုန်းကောက်ကိုင်လိုက်သည်။

"ဟဲလို"

"သားကြီး"

မျက်လုံးအစုံတို့ပြူးသွားရသည်။ အဆက်အသွယ်မလုပ်တာ ကြာပြီဖြစ်သော မေမေ့ထံမှ ဤသို့ စတင်ဆက်သွယ်ခြင်းကအမှန်ပင် သူ့အဖို့ အံ့သြရမည့် ကိစ္စတစ်ခု။

"မေမေ"

"သား ဒီနေ့အချိန်ရမယ်ဆိုမေမေ့နဲ့ တွေ့နိုင်မလား"

သူ့မယ်ငြင်းဆန်နိုင်စွမ်းမရှိပါလေ။ အမှန်လည်း မေမေ့ကို စိတ်မချသည့်ကြားမှ ကိုချိန့်ကြောင့် သူမျက်နှာလွဲခဲပစ် ထားရစ်ခဲ့ရခြင်း။

"ဟုတ်ကဲ့ မေမေ။ ကျွန်တော် ခဏနေ လာခဲ့မယ်နော်"

"ကျေးဇူးပါ သားကြီးရယ်။
သားရဲ့ ကောင်လေးပါခေါ်ခဲ့နော်။
မေမေ စောင့်နေမယ်"

ဝမ်းသာနေသယောင် မဝံ့မရဲ အသံတို့တုန်ယင်စွာပြောလာသော မေမေ့စကားအဆုံး သူ စိတ်မသက်မသာဖြစ်ခဲ့ရသည်။

သူမှတ်မိနေသေးသည်။ ညီညီတို့ကိစ္စကို မေမေသိပြီးနောက် သူနားချရင်းမေမေနှင့် အချင်းများခဲ့တာတွေ။

#ငါ့သွေးသားအရင်းလိုလာလုပ်မနေနဲ့#

မေမေဟာ မွေးစားအမေပါလားလို့တွေးမိတဲ့ အခိုက်အတန့် သူ့စိတ်တွေကို လွှတ်ချပေးလိုက်မိသည်။

နဂိုကပင် သိရှိထားသော်လည်း မေမေ ထိုမျှပြောလိမ့်မည်ဟု မထင်ခဲ့၍ သူ ဝင်ပါခဲ့မိခြင်းသာ။

သူမေမေကို စိတ်နာမိသည်။ ထို့ကြောင့်ပဲ အိမ်ပေါ်မှ ဆင်းလာခဲ့ခြင်းသာ။

သို့သော်လည်းမိန်းမသားပေမဲ့ အောင်မြင်သောစီးပွားရှင်တစ်ဦးအနေနှင့် သူနဲ့ညီညီ့ကို လိုလေးသေးမရှိထားခဲ့သောမေမေ။

မည်သို့ပင်ဖြစ်စေ အမြဲပင် သူတို့ မျက်နှာမငယ်စေရန် ကြိုးစားခဲ့သော မေမေ။

မှားမှန်းသိပေမဲ့လည်း နောက်ပြန်မလှည့်ချင်ခဲ့ဘူး။

"ဟာ ဘေဘီနိုးပြီလား"

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉حيث تعيش القصص. اكتشف الآن