လူသူမကင်းလှသည့်တိုင် ပတ်ဝန်းကျင်အရာရာသည် တိတ်ဆိတ်လျှက်ရှိနေ၏။ညှဉ့်ငှက်တို့တကျီကျီအော်သံမှလွဲ၍ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်စွာ။ လမိုက်ညဖြစ်သည်ကတစ်ကြောင်း ခြံဝန်းကြီးသည် ရပ်ကွက်၏ ချောင်အကျဆုံးနေရာတွင်ရှိနေငည်ကတစ်ကြောင်း အတွင်းမှ မည်သည့်အသံမျိုးထွက်ပေါ်လာပါစေ မည်သူမျှသိနိုင်မည်မဟုတ်။
"ဆက်ကောင်းသာ ... မင်းဆက်အာခံနေဦးမှာလား"
မြေအောက်အခန်းငယ်အတွင်း ဝါကျင့်ကျင့်မီးရောင်မှတပါး မှောင်ရိပ်ကျနေသည့်နေရာများကပိုများ၏။အခန်းအလယ်ဗဟိုတွင်တော့ သံခုံတစ်လုံးချထားသည်။ ထိုခုံပေါ်တွင်တော့ ခပ်ယဲ့ယဲ့ အရိပ်ကလေးတစ်ခု ဖျော့တော့စွာထိုင်နေလေသည်။ တစ်နည်း .....ချုပ်နှောင်ခံထားရသဖြင့် ငြိမ်သက်နေသော ဆက်ကောင်းသာ။
"ကျစ်...မင်းတို့တွေ တယ်လည်းခက်တာပဲ။ ပြောလိုက်ရင်ပြီးနေမဲ့ကိစ္စကို။ သက်သက်မဲ့ အသားနာချင်နေတာ"
#######
အခန်းထဲစကားသံတို့ ရပ်တန့်သွားသည်နှင့် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် လျှပ်စစ်ပစ္စည်းတစ်ခု။
#အား#
ဝမ်းဗိုက်ပေါ်သို့ တစ်ရှိန်ထိုးဝင်လာသည့် ထိုအရာကြောင့် သူနာကျင်စွာအော်ဟစ်မိသည်။
"ပြော ... ပစ္စည်းကဘယ်မှာလဲ"
"ခွေးသူတောင်းစား"
သူ အားတင်းစွာ ဆဲရေးငြင်းဆန်ပြီးသည့်နောက် မျက်နှာပေါ်ကျရောက်လာသည့် ခပ်ပြင်းပြင်း လက်သီးတစ်ချက်။
#ထွီ#
ထုံခနဲဖြစ်သွားသည့်ခံစားမှုနှင့်အတူ ပါးစောင်ထဲပြည့်လာသည့် ငန်ကျိကျိ အရည်တို့ကို မထီမဲ့မြင်ထွေးထုတ်ပလိုက်သည်။
"ခင်ဗျား ကျုပ်ကို အစ်နေလည်း အပိုပဲ။
ကျုပ်က ပြောမှာမဟုတ်ဘူး။"
"ဟား ဟား ဟား ဟား
အခြောက်ကများ ဘယ်သူ့အားကိုးနဲ့ယောက်ျားယောင်ဆောင်နေတာလဲ? အသားမနာဘဲ ပြီးသွားရမဲ့ကိစ္စကို..ဘာလဲ? ပီကေ သေမှ ပြောမှာလား"
"-ီးပဲ။ သူတောင်းစား... မော်ကွန်းသစ်ကို မထိနဲ့လို့ပြောထားတယ်လေ။ ခွေးသူတောင်းစား.... သူတစ်ခုခုဖြစ် ရင် မင်းမလွယ်ဘူး"
