အပိုင်း (၂၅)

2.7K 252 14
                                        

"ဟဲလို"

"မော်ကွန်းလား။တို့ပါ"

"သံသာ"

"အိုး
ယူတို့အသံကိုမှတ်မိသားပဲ?"

"မင်းနဲ့ဘာမှပြောစရာမရှိဘူး။
နောက်လည်းငါ့ဆီ ဆက်စရာမလိုဘူး"

သူဖုန်းကိုစိတ်မရှည်စွာစားပွဲပေါ်ပစ်တင်လိုက်တော့သည်။အခုအချိန်တွင်ကိုဆက်နှင့်သူ့အကြောင်းကလွဲပြီး တခြားဘာမှခေါင်းထဲမထည့်လို၍.....

"အကိုလေး
ဧည့်သည်ရောက်နေတယ်"

အခန်းဝကဒေါ်ရီပြောလာသောစကားကြောင့် သူပြာပြာသလဲဖြစ်သွားမိသည်။

"ဘယ်သူတဲ့လဲ ဒေါ်ရီ"

"အဲ့ဒါတော့ ဒေါ်ရီလည်းမသိဘူး။
အကိုလေးနဲ့တွေ့ချင်တယ်ဆိုလို့"

"ကိုဆက်ရော
ကိုဆက်ရောလို့"

"ဟို
ဧည့်သည်နဲ့စကားပြောနေမယ်ထင်တယ်"

ဒေါ်ရီ့စကားဆုံးသည်နှင့်သူအောက်ထပ်ကိုသာအလျင်အမြန်ဆင်းလာလိုက်တော့သည်။ဧည့်သည်ဆိုသူသည်မည်သူမည်ဝါမှန်းသူမသိပါ။အကယ်၍မဖိတ်ခေါ်ထားသည့်ဧည့်သည်မျိုးဆိုမခက်ပါပေလား။ဒီလိုအခြေအနေအထိကိုဆက်ကိုဆွဲခေါ်ခဲ့ပြီးမှ အတိမ်းအစောင်းမခံလို။

"ကိုချိန့် ... ပြန်တော့
မော်ကွန်းသစ် တွေ့သွားရင် တစ်မျိုးထင်နေလိမ့်မယ်"

အောက်ထပ်တွင် တီးတိုးစကားပြောနေသောလူနှစ်ယောက်သည် သူဆင်းလာသည်ကိုအခုတိုင်မြင်တွေ့ပုံမပေါ်။ကိုဆက်သည်လေသံကလေးဖြင့်ပြောဆိုနေသည်။

ဟုတ်သည်။ကိစ္စအားလုံးကိုဆက်မသိသေးပါ။ပိုက်ဆံရလို့ကိုဆက်သူ့နားရောက်လာခဲ့သည်။ကိုချိန့်ကားအဆက်အသွယ်မပြတ်စေချင်၍ကိုဆက်ကို သူ့အနားငွေကြေးသုံး၍ပို့ခဲ့သည်။ထိုအကြောင်းအရာများသူသိရှိထားပြီးဖြစ်သည်ဆိုတာ ကိုဆက်တစ်ယောက်တွေးမှတွေးမိလေစ။

"ကိုယ်ပြန်မယ်
ကိစ္စတစ်ခုခုဆို ကိုယ့်ဆီဖုန်းဆက်"

"ကျွန်တော်ဖုန်းသုံးခွင့်မရှိဘူး"

သူထိတ်လန့်တကြားသတိထားမိပါရဲ့။ကိုချိန့်မျက်လုံးတွေ၊ ကိုချိန့်မျက်လုံးတွေဟာ သူ့ရှေ့က ကိုဆက်အပေါ်မှာ လိုသည်ထက်ပိုနေသည်မလား။ ဒါဆို ကိုဆက်ကရော။ အခုလိုအချိန်ဟာ ကိုဆက်အတွက် စိတ်ယိုင်ဖို့အလွယ်ဆုံးမလား။သူဘာလုပ်သင့်သလဲ။ အခုအချိန်သွား၍နှစ်ယောက်ကြားထဲဝင်ဖို့ကား မည်သိုု့မျှမဖြစ်နိုင်ပါလေ။သူရင်ပူပူနှင့်သာစောင့်ကြည့်နေရတော့သည်။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now