ည ၁၂:၃၀ ခန့်တွင် ပဒုမ္မာစံအိမ်သည်
ဝရုန်းသုန်းကားဖြင့်နိုးထလာလေသည်။#ခလွမ်း#
#ဒေါက် ဒေါက်#
"သားငယ် သားငယ် အဆင်ပြေရဲ့လား။သားငယ်!!!
မရီ သော့အပိုယူခဲ့"အပြင်ဘက်မှအမေတို့စိုးရိမ်စွာအော်ဟစ်နေကြသော်လည်း သူပြန်မဖြေအားပေ။ဒီအိမ်မက်ဆိုးကြီးကသူ့အားအမြဲပင်နှိပ်စက်နေ၏။အိမ်မက်ကလန့်နိုးတိုင်းလည်း နဖူးပေါ်ကအမာရွတ်ကသေလောက်အောင်နာကျင်မြဲ။ရင်ဘတ်တစ်ခုလုံးလည်းစုတ်ပြတ်နေအောင်နာရမြဲ။
အိမ်မက်ထဲတွင်အမျိုးသမီးတစ်ယောက်သည်ကလေးလေးအားလက်ဆွဲကာအသက်လု၍ပြေးလွှားနေသည်။မိုးတွေလည်းသည်းထန်စွာရွာသွန်းနေသည်။အနောက်မှာကျန်ခဲ့သောအမျိုးသမီးသည်အရိုက်ခံရ၍သွေးအိုင်ထဲတွင်လဲကျကျန်ရစ်နေခဲ့သည်။အရှေ့မှကလေးလေးသည်ပြေးရင်းလွှားရင်းဖြင့်ကားလမ်းမကြီးရှိရာအရောက်တွင်ဘုန်းခနဲအသံကြားပြီးနောက်မှောင်မဲသွားဆဲ။ပြီးတော့ဆေးရုံခန်းလေးတစ်ခု။ပြီးရင်တော့သူလန့်နိုးမြဲ။
နောက်အိမ်မက်တစ်ခုက ပျော်ရွှင်စွာကစားနေကြသော ယောက်ျားလေးနှစ်ယောက်။တစ်ယောက်ကအနည်းငယ်ကြီးပုံပေါ်သည်။ပိုငယ်တဲ့ကောင်လေးကျောက်ခဲနဲ့ပစ်လိုက်တာကြောင့် နဖူးကွဲကာယခုလက်ရှိအမှတ်လေးနေရာတွင်အမာရွတ်လေးကျန်နေခဲ့သည်ဟုမြင်ရမြဲသာဖြစ်သည်။
"ဘာတွေလဲ
ဘာတွေလဲကွာ !!!!"သူ ၁၆ နှစ်သားမှစ၍ဒီအိမ်မက်နှစ်ခုကိုမက်နေမြဲ။ ဘယ်လိုမှလဲဆက်စပ်၍မရ။ဒီ့ထက်ပိုဆိုးသည်မှာ ဖေဖေ။ အိမ်မက်ထဲတွင်ဖေဖေ့ကိုမြင်သည်နှင့်သူကြောက်လန့်တကြားလန့်နိုးလာမြဲသာ။
#ကျွီ#
"သား သားငယ်
အဆင်ပြေလား
ဟင် အဆင်ပြေရဲ့လား?"အခန်းထဲသို့ဝင်လာသောမေမေနဲ့ကိုကိုသည်စိုးရိမ်စွာ။
"ညီညီ ဘာမှမဖြစ်ဘူးနော်။ စိတ်ကိုလျှော့ထား"
မေမေက နဖူးမှဇောချွေးများကိုသုတ်ပေးကာရေခွက်လေးလှမ်းပေးသည်။