"ဟဲ..လို"
သန်းခေါင်ကျော်အချိန် ရုတ်တရက်ထမြည်လာသောဖုန်းကြောင့်သူစိတ်တိုတိုဖြင့်အာလေးလျှာလေးဖြေမိသည်။အပြင်ဘက်မှာတော့မိုးကသည်းကြီးမည်းကြီးရွာလို့။
"ဟဲ လို
ဖုန်းဆက်ပြီးရင်လည်း ပြော ဟ"အစကတော့မိုးသံလေသံကြောင့်ဖုန်းသံသဲသဲကွဲကွဲမကြားရခြင်းသာဖြစ်မည်ဟုထင်မိသည်။သို့ရာတွင်ဒီလိုအချိန်တွင်ဆက်လာသောဖုန်းသည်နှောင့်ယှက်ရုံသက်သက်များလားဟုတွေးမိတော့နဂိုကပင်စိတ်တိုတတ်သောသူ...စိတ်ကထောင်းခနဲ။
"****မလို့ ဖုန်းခေါ်ပြီးဘာမှမပြောတာလား
အားနေလည်း ကိုယ့်ဟာကိုယ်သာ သတ်သေလိုက်ကြ
ကျက်သတုံးလေးတွေ"မိုးမွှန်အောင် ဆဲရေးတိုင်းထွာပြီးဖုန်းကိုချပစ်လိုက်သည်။အိပ်ရေးပျက်အောင်လုပ်သည့် မည်သူတစ်ဦးတစ်ယောက်ကိုမှသူခွင့်မလွှတ်နိုင်ပါ။
#####
ဖုန်းချလိုက်ပြီးမကြာလိုက် ထပ်မံမြည်လာသောဖုန်း။
ဒေါသတကြီးကောက်ကိုင်ကာ ဆဲမည်ပြုကာမှ ဖုန်း screen ပေါ်ကနာမည်လေးကြောင့်ဆွံ့အသွားရသည်။"အသာ?
ဟဲ လို
အသာလား? ဘာကိစ္စလဲ?"ဖုန်းကိုင်လိုက်သော်လည်းတစ်ဖက်က
ဘာတုံ့ပြန်မှုမှရောက်မလာ။"ဟဲလို
ဆက်ကောင်းသာ
မင်းယောင်နေတာလား?"သူဘယ်လောက်ပင်အော်နေစေကာမူ တစ်ဖက်ကတုံ့ပြန်သံမကြားရတော့စိုးရိမ်လာရသည်။ အရင်တစ်ခါက်ကကိစ္စလိုသာထပ်ဖြစ်ရင်?!
"ဆက်ကောင်းသာ
ကြားလား
ဟဲလို
ဟေ့ရောင်"ဖုန်းကမကျသေးသော်လည်းတစ်ဖက်ကမည်သို့မျှတုံ့ပြန်လာခြင်းမရှိသဖြင့်သူစိတ်ပူလာရတော့သည်။အချိန်ကိုကြည့်မိတော့လည်းည၁၂ နာရီကျော်ကျော်။သူသိသလောက်ဆက်ကောင်းသာသည်ဒီလိုအချိန်တွင်အိပ်မောကျနေရမည်ဖြစ်သည်။ထို့အတူမခေါ်စဖူးသူ့အားအရင်စကာဖုန်းခေါ်ခြင်းသည်စနောက်ဖို့သက်သက်တော့မဖြစ်နိုင်။ရင်တွေပူလာရသည်။လူတစ်ယောက်ကိုစိုးရိမ်ခြင်းကဒီလောက်ခံရခက်မယ်လို့သူတစ်ခါလေးမျှမတွေးဖူးခဲ့ပါချေ။နောက်ဆုံးကြံရာမရသည့်အဆုံးတွင်တော့ အသာ့ အိမ်ကိုလိုက်သွားရန်သာဆုံးဖြတ်လိုက်တော့သည်။အပြင်ဘက်ကဝုန်းဒိုင်းကြဲရွာနေသောမိုးအားလည်းသူဂရုမစိုက်အား။ကားကိုအသားကုန်အရှိန်တင်ကာသာ ဆက်ကောင်းသာအိမ်ရှိရာမောင်းလာခဲ့လိုက်တော့သည်။
