အပိုင်း (၁၀)

4K 401 15
                                        

####

ဖုန်းကတုန်ခါမှုကြောင့်သူနိုးလာခဲ့သည်။အပြင်ကအလင်းရောင်စစမြင်နေရသည်။နေမထွက်သေးသည့်တိုင်အလင်းရောင်ခပ်မှိန်မှိန်ကပြတင်းပေါက်မှတစ်ဆင့်အခန်းထဲတိုးဝင်လာသည်။ညကဒီအတိုင်းထိုင်လျှက်နဲ့ကုတင်ပေါ်မှောက်အိပ်မိထားတော့အတော်နဲ့ထမရပေ။သတိရလို့အိပ်ရာပေါ်လှဲနေတဲ့ကောင်လေးကိုကပျာကယာကိုယ်ပူစမ်းကြည့်မိသည်။တော်သေးသည်။ကိုယ်ငွေ့နွေးနွေးကလွဲ၍အဖျားတော့မရှိတော့။အကြောဆိုင်းနေသောခါးအားဖြည်းဖြည်းချင်းမတ်ယူရသည်။ညကထိုကောင်လေးကိုပြုစုထားသောဆေး၊ရေခဲဝတ်၊ဇလုံတို့အားအသာမကာဧည့်ခန်းဆီသို့သာလျှောက်လာလိုက်တော့သည်။ပြီးရင်တော့ရှင်းစရာရှိသည်များရှင်းရင်းသာထိုကောင်လေးအတွက်မနက်စာပြင်ပေးနေမိသည်။ညကဝယ်လာတဲ့ကြေးအိုးတွေကိုပြန်နွှေး၊ ကော်ဖီပူလေးဖျော် စသဖြင့်။

#အဟွတ်အဟွတ်#

မီးဖိုခန်းထဲတစ်ယောက်တည်းအလုပ်ရှုပ်နေသဖြင့်အနောက်ကအသံကြားမှသာ သတိဝင်တော့သည်။တစ်ချက်လှည့်ကြည့်မိတော့ထိုကောင်လေးကအိပ်ရာနိုးလာပုံပေ။အဖျားကအရှင်းမပျောက်သေးတော့ချောင်းကကျန်နေတယ်ထင်ပါရဲ့။

"နိုးပြီလား
လာ ထိုင်"

ဘာမှတော့မပြော။ဝင်ထိုင်လေရဲ့။သူ့အရှေ့ကြေးအိုးပန်းကန်လေးချပေးတော့လည်းဘာမပြောညာမပြောစားနေပြန်လေရဲ့။ပုံမှန်ဆိုပေါက်ပေါက်ဖောက်နေသောချာတိတ်ကခုလိုငြိမ်နေတော့လည်းသူမနေတတ်ပြန်။

"ချာတိတ်"

အရှေ့တွင်ဝင်ထိုင်ရင်းခေါ်မိတော့ ခေါင်းလေးမော့ကာမျက်လုံးလေးပေကလပ်ပေကလပ်လုပ်နေလေသည်။မျက်နှာလေးလည်းညိုးလို့။

"ချာတိတ်
ဘာဖြစ်လို့လဲ?"

ဘာမှပြန်မပြောဘဲခေါင်းငိုက်စိုက်လျှက်။သူဘာလုပ်သင့်သနည်း။အတင်းအကြပ်မေးဖို့ကျဒီကောင်လေးကသူ့ညီမဟုတ်သလိုသူ့သူငယ်ချင်းလည်းမဟုတ်ပြန်တော့ခက်သည်။

".....အိမ်...မက်..."

စားလက်စတို့ရပ်ကာတစ်လုံးချင်းပွင့်အံလာသောစကားတို့သည်အားဖျော့တုန်ရီစွာ။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now