မော်ကွန်းသစ်နှင့်ဆက်ဆံရေးပြောင်းလဲခဲ့ပြီးနောက်နှစ်ယောက်စလုံးကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေ၍သိပ်မတွေ့ဖြစ်ကြ။နဂိုတုန်းကနေ့တတူနီးပါးတွေ့ဖြစ်သော်လည်းယခုဆိုမတွေ့ရသည်မှာတစ်လလောက်တောင်ရှိလောက်နေပြီ။ကျူတိုရီရယ်တွေရယ်စီးပွားရေးရယ်ကလည်းရှိနေတော့တော်ရုံမတွေ့ဖြစ်ကြတာအဆန်းတော့မဟုတ်ပါလေ။
"ဟေ့ အသာ"
လှည့်ကြည့်မိတော့မတွေ့တာကြာပြီဖြစ်သောစိုင်းဘုန်း။ဒီကောင်ကြီးပျောက်နေတာပင်တစ်လကျော်နှစ်လရှိပြီမလား။အိမ်ကစီးပွားရေးအဆင်မပြေတော့အဝေးသင်ပြောင်းလိုက်ရသောသူ့သူငယ်ချင်းကိုကြည့်ရင်းအိမ်ကအမေတို့ကိုကျေးဇူးတင်မဆုံးပင်။ဘယ်လောက်ပင်ခက်ခဲစေကာမူသူ့ကိုတော့အဝေးသင်ပြောင်းဖို့ဘယ်တုန်းကမှမပြောခဲ့ဘူးမလား။
"ဟာ ဟေ့ရောင်
မင်းကွာ ပျောက်ချက်သားကောင်းလိုက်တာ"
"ဒီလိုပါပဲကွာ"
"ဆို .. ငါ့လွမ်းလို့လာတာမလား"
သူပြောလိုက်တော့မျက်နှာသိသိသာသာညိုးကျသွားသောစိုင်းဘုန်း။
"ကျောင်းထွက်လက်မှတ်လာယူတာကွ
ငါဒီတစ်နှစ်တော့အောက်ရတော့မယ်"
ဒီစကားကြားရတော့သူစိတ်မကောင်းဖြစ်ရုံကလွဲပြီးဘာမှမတတ်နိုင်။ကိုယ်တိုင်တောင်ကျောင်းစရိတ်အနိုင်နိုင်ဆိုတော့လည်း...
"ဟေ့ရောင်
စာသေချာလုပ်နော်
ဘဲအကြောင်းချည်းတွေးမနေနဲ့ဦး"
"ဟ
မင်းဘယ်လိုသိ?!"
"သွယ်ကြီးလေ ဟင်းဟင်း"
မြတ်သွယ်ဦးကိုလျှော့တွက်မရမှန်းသူမေ့နေခဲ့တာသူ့အပြစ်ပါပဲလေ။
"အားရင် ငါ့ဆီတော့လာလည်ကြကွာ
ငါကတော့ ကျောင်းကိုရောက်တော့မှာမဟုတ်ဘူး"
စိတ်မကောင်းဖြစ်နေသောသူငယ်ချင်းကိုပြုံးပြရုံအပြင်အခြားလည်းသူမနှစ်သိမ့်တတ်ပါ။
"သွားလေ အသာ
မင်း အတန်းတက်ရမယ်မလား
ငါလည်း ခဏနေပြန်မှာ"
စိုင်းဘုန်းနဲ့ခဏစကားပြောချင်သေးသော်လည်း နောက်တစ်ချိန်ကကျူတိုရီရယ်လ်ဖြေရမည်ဆိုတော့မတတ်သာသည့်အဆုံးနှုတ်ဆက်ကာသာအတန်းရှိရာလာခဲ့လိုက်တော့သည်။
