အပိုင်း (၂၀)

2.5K 256 11
                                    

မောင် မကောင်းဘူး။မောင် ငါ့ကိုနားမလည်ဘူး။
ငါ့ စေတနာတွေကိုစွပ်စွဲတယ်။ငါ့အချစ်တွေကိုလည်း စော်ကားတယ်"

မော်ကွန်းသစ်နှင့်တွေ့ပြီးပြန်လာကတည်းက သူ
အိမ်လည်းမပြန်ဖြစ်။ကျောင်းလည်းမတက်ဖြစ်။အဓိကက မောင်နဲ့သွားနေကျနေရာတွေကိုသာလျှောက်သွားနေမိတော့သည်။

ကန်ဘောင်ကဝက်သားတုတ်ထိုးဆိုင်လေးရှေ့ကိုဖြတ်လျှောက်မိတော့ ဦးလေးကြီးကသတိတရလှမ်းနှုတ်ဆက်သည်။

"ဟာ ကောင်လေး
မင်းသူငယ်ချင်းရော"

သူသတိရမိပါသည်။တကယ်ကိုမြေမနင်းတဲ့သူဌေးသားဖြစ်သူမောင်ကသူစားချင်ပါတယ်ဆိုတဲ့လမ်းဘေးကဖုန်ထူထူဒီဆိုင်လေးကိုမျက်နှာတစ်ချက်မပျက်၊မညီးညူပဲအတူတူလိုက်စားပေးခဲ့တဲ့အချိန်တွေ။တွေ့ခဲ့တဲ့အချိန်အတွင်းပထမဆုံးကတောက်ကဆဖြစ်ခြင်းပေမဲ့လည်းသူဝမ်းနည်းမိသည်။

#မောင်သူ့ကိုနားမလည်ဘူး#

ဆိုင်ရှင်ဦးလေးကြီးကိုသူပြုံးပြရုံသာတုန့်ပြန်ခဲ့ပြီးဆက်လျှောက်လာမိသည်။ညနေဆည်းဆာချိန် နေညိုညိုဟာလှပလွန်းနေသည်။အင်းလျားကန်ဘောင်တစ်လျှောက်လေနုအေးလေးကတဖြူးဖြူးတိုက်ခတ်နေလေတော့စိတ်ထဲကြည်နူးသွားရမလို။သို့ပေမဲ့သူတွေးထားတာဒီလိုမဟုတ်ဘူး။အမှန်ဆို မောင်နဲ့သူကအခုအချိန်မှာတူတူရှိနေသင့်တာ၊ ဒီလိုအချိန်မှာ မောင့်လက်ကလေးကိုတွဲပြီး ကြည်နူးစရာညနေခင်းလေးတစ်ခုဖန်တီးချင်ခဲ့တာ။ပြီးတော့မောင့်ကိုပြောပြချင်တာ။သူတို့ဆက်ဆံရေးကိုလူတိုင်းသိလည်းဂရုမစိုက်တော့ဘူးဆိုပြီးမောင့်မျက်နှာကိုစွန့်စွန့်စားသားကြည့်ရင်းပြောချင်ခဲ့တာ။

အမြဲတမ်းအယူပဲ ရှိခဲ့တဲ့သူ။ မောင့်ကို မှတ်မှတ်ရရလေး လက်ဆောင်လေးပြန်ပေးချင်ခဲ့တာ။ စိတ်သာရှိပြီးလက်တွေ့မှာမလွယ်ကူလှတဲ့စီးပွားရေးကြောင့်သူနည်းလမ်းတွေရှာနေခဲ့ရတာ မောင်မသိဘူး။

အဲ့ဒါကြောင့်သူတစ်ပတ်လုံးပိုက်ဆံတွေရှာနေခဲ့တယ်ဆိုတာလည်းမောင်မသိဘူး။ဒီနေ့ကျရောက်တဲ့မောင့်မွေးနေ့ကို မြတ်မြတ်နိုးနိုးလက်ဆောင်ပေးချင်လွန်းလို့ သူတိတ်တိတ်လေးပိုက်ဆံတွေရှာနေခဲ့တာ။မောင့်ကိုအံ့သြစေချင်လွန်းလို့တမင်တကာအဆက်အသွယ်မလုပ်ဘဲနေခဲ့မိတာ။

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Où les histoires vivent. Découvrez maintenant