part 3

97.2K 5.3K 164
                                    


တာ့ပေါင်းမြို့ရှိ ရွဲ့ ဂိုဏ်း။

"တံခါးဖွင့်စမ်း..!!"

အထက်စီးရောက်လွန်းသော အမိန့်ပေးသံနှင့်အတူ
ပြတ်သားလှသည့် စကားလုံးတို့ကြောင့် ဂိတ်စောင့်ဂိုဏ်းသားလေးနှစ်ယောက်မှာ ဖွင့်ပေးလိုက်ကြမလားဆိုသည့်
အကြည့်မျိုးနှင့် အချင်းအချင်း
ကြည့်နေမိကျသည်။

"တံခါးဖွင့်စမ်း ...!!!"

ထပ်မံအမိန့်ပေးလာသည့်အသံမှာ ပထမအမိန့်သံထက်ပင်
ပိုမိုကျယ်လှောင်၍မာကျောခက်ထန်နေသည်။

ဂိုဏ်းသားလေးနစ်ယောက်မှာလည်း မူမမှန်သောအခြေနေကြောင့် ရင်ထိတ်စွာနှင့်ပင်အနှီကြောက်စရာဧည့်သည်တော်တွေအားမေးခွန်းထုတ်ရတော့သည်။

" ဒီက ဧည့်သည်တော်တို့က
ဘယ်သူတွေများလဲ သိခွင့်ရှိမလား
ဂိုဏ်းချုပ်ကိုအကြောင်းကြားပေးပ့မယ်"

ယဉ်ကျေးစွာပြောလိုက်ခြင်းပေမယ့်
ထိုလူမှာ ဒေါသထွက်သွားဟန်တူကာ လက်ရွယ်လိုက်တာကြောင့်
ဂိုဏ်းသားတို့မှာလည်း
ဓားကိုင်ပြီးသားဖြစ်သွားရသည်။

အခြေနေက ရုတ်ရင်းခက်ဆန်ဖြစ်မည့်စဲစဲတွင်ပင် ထိုလူ၏ ပုခုံးပေါ်တင်လာသောလက်ကြောင့်
လူပ်ရှားမည်အပြုမှာ တင်ရပ်တန့်သွားလေသည်။
ဂိုဏ်းသားနှစ်ယောက်မှာလည်း အခြေအနေကိုအကဲခက်ကာ အသင့်အနေထားဖြင့်...။

ထိုလက်တင်လာသူမှာ ကျန်လက်တစ်ဖက်ကိုနောက်တွင်ပြစ်ထားပြီး
ငုံထားသောခေါင်းကိုဖြည်းဖြည်းချင်းမော့ကာ

"မင်းတို့ရဲ့ ဂိုဏ်းချုပ်ကို
ဧကရာဇ်ကြွလာတယ်လို့ အကြောင်းကြားလိုက်"

ကြားလိုက်ရသောအသံမှာ မကြမ်းတမ်းသလိုနူးညံ့၍လည်းမနေပေ။
သို့သေည်ကျက်သီးမွေးညှင်းတော့ထစေသည်။

ဧကရာဇ်ဟူသော ဝေါဟာရကြောင့်လည်းပဲ
ဂိုဏ်းသားလေးများမှာ မျက်လုံးပြူးကုန်ကျရင်း ထိုလူအားအကဲခက်ကြည့်ရာ....

ထူထဲနက်မှောင်သောမျက်ခုံးတို့က မျက်နှာတစ်ခုလုံးအသက်ဝင်အောင် သေသပ်စွာဖြန့်ကျက်ထားလျက်။
ကြွေသားဖြူလို အဖြူရောင်တောက်တောက်မျက်သားတိုထဲ
မဟူရာရောင်တောက်နေသည့် မျက်စံတို့နှင့်
ပနံသင့်စွာ ကြည်လင်စူးရှနေသည်။
နှာတံစင်းစင်း၏အောက်တွင်လည်း
လှပစွာဘောင်ခက်ထားသည့် သွေးနီရောင်နှတ်ခမ်းတို့နှင့်
ရွှေရောင်တမျှဝင်းဝါနေသည့် 
အသားရည်တို့က သာမာန်မဟုတ်မှန်းသိသာစေသည်။

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Onde histórias criam vida. Descubra agora