"သိဆို သမားတော်ကြီးက အားလော့ရဲ့တစ်ဝမ်းကွဲဦးလေးလေ "
သူမက ရင်ကော့ခေါင်းမော့ကာ ပြောလိုက်ခြင်းပင်
သို့သော် ရှောင်ကျိမှာတော့ ချောက်နက်ကြီးထဲပြုတ်ကျသွားသလိုခံစားလိုက်ရလေသည်
ဘာလို့ဆို ဒီအပျိုတော်ပြောသလိုသာ အမှန်ဆိုပါလျှင်
ဒုမိဖုရားမျက်လုံးထဲသူအားကြည်ပုံမပေါ်
ဘယ်လိုနည်းနဲ့မှ ဒုမိဖုရားနဲ့ပြသနာတတ်လို့မဖြစ်ဘူး
ဟိုက မြောက်နန်းစံမယ်မယ်မယ် သူက သာမာန်ကိုယ်လုပ်တော်လေးလေရှောင်ကျိ၏ စိတ်ဓာတ်ကျနေပုံကိုကြည့်ပြီး အားလော့သနားလာသည်
အားလော့
ဟုတ်ပါတယ်လေ ကိုယ်လုပ်တော်ချန်လို သိုင်းဂိုဏ်းတစ်ဂိုဏ်းရဲ့ တပည့်ငယ်လေးတစ်ယောက်က
ဒီလိုမျိုးတွေ ဘယ်လိုသိပါ့မလဲ"ကိုယ်လုပ်တော်ချန် သိချင်တာရှိရင်အားလော့ကိုမေးနော်
အားလော့ကလေ ဒီနန်းတော်ထဲမှာ ငယ်ငယ်ထဲက အပျိုတော်အဖြစ်နဲ့အမူထမ်းလာတာ နန်းတော်ထဲကလူတွေတော်တော်များများနဲ့ရင်းနီးတယ်
အားလော့မသိတာရှားတယ် ကိုယ်လုပ်တော်ချန် သိချင်ရင်ဘာပဲဖြစ်ဖြစ်မေးနော်"ကြည်လင်ရှင်းသန့်နေသော ထိုအပျိုတော်လေးရဲ့မျက်နှာက
အေးချမ်းမူတို့ယှက်ဖြာနေသည် အလှပထဲမပါသော်လည်း
ကြည့်ကောင်းသည်ဟုဆိုရပေမည်
သို့သော် ရုပ်ရည်ထက်စိတ်ထားလေးပိုလှသညိဟု ရှောင်ကျိမြင်မိသည်"အားလော့ မင်းကအရမ်းစိတ်ထားကောင်းတာပဲ"
ရှောင်ကျိ
တစ်ချိန်တုန်းက ငါ စိတ်ထားကောင်းတဲ့သူတွေဆို မုန်းခဲ့ဖူးတယ် ဒါပေမယ့်အခု သဘောကျလာသလိုပဲအားလော့ မျက်နှာမှာကိုမိုပြုံးလာပြီး
"အဲလောက်လည်း မဟုတ်ပါဘူး
ကိုယ်လုပ်တော်ချန်က အရမ်းမြောက်တာပဲ"အားလော့ ကိုယ်လုပ်တော်ချန်ကို တကယ်သနားတာပါ
ငယ်သေးတယ် အရမ်းပဲငယ်သေးတယ်
အရှင့်ရဲ့ ရက်ရက်စက်စက်သိမ်းပိုက်ခြင်းခံရရှာတာ
ကိုယ်လုပ်တော်ချန်က ချစ်စရာကောင်းတာမှန်ပေမယ့်
အရမ်းငယ်သေးတယ်လေ
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉