မင်္ဂလာနေ့...."ယီ ငါလေ အဖေနဲ့အမေကိုရှိစေချင်လိုက်တာကွာ
ငါ့ညီလေး..."ယီ ကိုဖတ်ကာ မျက်ရည်လေးစမ်းစမ်းနှင့် အကိုကောင်းပြီသနေသည့်ယင်းအား ယီနည်းနည်းအမြင်ကပ်လာသည်
"ဒါနဲ့ယင်း ငါမေးပါရစေ ငါကဘာလို့ခေါင်းဆောင်းကြီးဆောင်းထားရတာလဲ
ခံစားချက်က တစ်မျိုးကြီးနော်""အမ်.."
ယင်း ယီကိုပြန်ကြည့်လိုက်ရင်း သွားဖြီးကာ
"မင်္ဂလာဆောင်ပါဆိုနေမှတော့ သတို့သမီးကခေါင်းဆောင်းဆောင်းရမှာ ထုံးစံလေ ယီရဲ့"
"အဲတာကိုငါသိတယ် ငါကယောက်ကျားလေးဖြစ်ပြီး ဘာလို့
ဆောင်းထားရတာလဲလို့.."ယီလေသံက ခက်ဆက်ဆက်ရယ်မို့
ယင်း အမြန်ပင် ယီပါးစပ်ကိုလှမ်းအုပ်ကာ"ယောက်ကျားလေးလဲ တစ်ယောက်ကတော့ဆောင်းရမှာပဲလေကွာ
မရစ်စမ်းပါနဲ့ မင်္ဂလာဝတ်ရုံပဲဝတ်ပြီးထားပြီကို""ဟဟား...ဟုတ်တယ်နော် မင်္ဂလာဝတ်ရုံဝတ်ပြီးထားပြီ
ဒါပေမယ့် ငါအကြောပိတ်ထားသလိုခံစားနေရတယ်
အိပ်ရာထတည်းကပဲ ယင်း မင်းသိလား ငါလူသတ်ချင်နေတယ်"ယီစကားကြောင့် ယင်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး
"အိုင်ယား...စိတ်လျော့စမ်းပါကွာ
ဒီအကိုကြီးက မင်းကောင်းဖို့စီစဉ်တာပါ
မင်းလူပျိုရည်ပျက်တာ နန်းတော်တစ်ခုလုံးသိနေပြီ
မင်း ရွဲ့ဂိုဏ်းချုပ်နဲ့အမြန်လက်မဆက်ရင် ဝိုင်းလှောင်မှာပေါ့ မင်းမိသားစုဂုဏ်သက္ခာကိုလည်း
ထည့်တွက်ဦးလေ"ယီမှာ စိတ်ထဲမတရားသလိုခံစားလာရကာ
ငိုခြင်းချချင်စိတ်ကိုပေါက်လာရသည်"အဲလိုဆိုလည်း ဒီခါင်းဆောင်းကြီးကို မင့်ယောက်ဖကိုစွပ်ခိုင်းပါလား ဟမ် ငါတော့မတရားသလိုခံစားနေရတယ်"
ယီ တကယ်ကိုခံရခက်နေသည် မနက်ထဲကအကြောပိတ်ခံထားရသည်က ခုချိန်ထိပင်
သူမုန်းလှပါပြီဆိုတဲ့ အနီရောင်ဝတ်ရုံကြီးဝတ်ထားရသည့်အပြင်
အနီရောင် ဇာခေါင်းဆောင်းပါဆောင်းထားရသေးသည်

ESTÁS LEYENDO
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasíaကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉