"အနားယူသင့်ပါတယ် အရမ်းပင်ပန်းလွန်းလို့ပါ
ကျနော်မျိုး အားဆေးဖော်စပ်ပေးပါ့မယ်အရှင်"သမားတော်ကြီးရဲ့စကားကြောင့် ပိုင်းလော့ကျင်းအသက်မပါတဲ့အပြုံးတစ်ခုပြုလုပ်လိုက်ရင်း
"အားဆေးသောက်ရမဲ့အထိ ငါကိုယ်တော်ခန္ဓာကိုယ်ကအားနေနေပြီလား"
"အရှင်...."
အထိန်းတော်လျဲ့၏ ဆူပူဟန်အသံကထွက်ပေါ်လာတာကြောင့်
"နားလည်ပြီမို့ သွားကျတော့
နားချင်ပြီ"ပိုင်းလော့ကျင်းအမိန့်ကြောင့် သမားတော်တွေရော
အထိန်းတော်တွေပါအကုန်ထွက်သွားကျပေမယ့်
ယင်းနဲ့ယီကနေခဲ့သည်ယင်း ပိုင်းလော့ကျင်းနားကပ်သွားရင်း
"လော့ကျင်း ငါတို့ကိုလန့်သေအောင်လုပ်နေတာလား"
"ဟုတ်တယ် နန်းသွေးကလည်းရှိသေးတာမဟုတ်ဘူး
လူတွေကိုလန့်အောင်မလုပ်နဲ့"ယီကပါဝင်ပြောပေမယ့် ပိုင်းလော့ကျင်း မျက်လုံးတွေမှိတ်လိုက်ရင်း
"ငါနားချင်ပြီ"
"နားချင်တာနားပါလား ဘယ်သူကဘာလုပ်နေကျနေတာပဲ ငါတို့ကိုလာပြီးမသွားခိုင်းနဲ့"
ယီရဲ့ဒေါသ သံစွက်နေတဲ့စကားတွေကြောင့် ပိုင်းလော့ကျင်းဘာမှမပြောတော့ ပြောလည်းရမှာမဟုတ်တာသိနေသောကြောင့်ပင်
ပိုင်းလော့ကျင်း မျက်လုံးတွေမှိတ်ပေမယ့်အိပ်မရ
လိုမကျမူပေါင်းများစွာနဲ့ လူကလည်းနုံးချိနေသည်ပိုင်းလော့ကျင်းက ကုတင်ပေါ်မှာဖြစ်ပြီး ကုတင်ခေါင်းရင်းကို ခပ်လျော့လျော့မှီကာထိုင်နေသည်
ယင်းကစားပွဲမှာထိုင်နေပြီး ယီက ထုတ်တန်းပေါ်တွင်တတ်ကာ ထိုင်နေသည်သုံးဦးသား တိတ်ဆိတ်မူသာကြီးဆိုးနေရင်း
ဘယ်သူကမှစကားမစပေ
အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာပြီး မှောင်ရိပ်သမ်းလာသည်အထိ တိတ်ဆိတ်လျက်
ပိုင်းလော့ကျင်းလည်း မအိပ်ပေညပိုင်းရောက်လာသည့်တိုင် သုံးဦးသားကြားမှာအပ်ကျသံတောင်ကြားရလောက်သည့်အထိတိတ်ဆက်နေသည်
VOCÊ ESTÁ LENDO
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasiaကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉