"အာ့...ခင်ဗျား"ပခုံးသားနုနုလေးထဲ နစ်ဝင်လာတဲ့သွားတွေကြောင့်
ရှောင်ကျိ နာကျင်စွာအော်မိရင်း နိုးလာရသည်"ဘာလို့ကိုက်တာလဲ ခင်ဗျားကခွေးလား"
ရှောင်ကျိ စိတ်ပေါက်ပေါက်နှင့်အော်ပြစ်လိုက်သည်
နာနေတဲ့ပခုံးကိုကိုဖိကိုင်ရင်း စိတ်တိုစွာထလိုက်ပေမယ့်
နာကျင်နေတဲ့အောက်ပိုင်းကြောင့် တည့်အောင်တောင်မထိုင်နေပေ"ကလေးက အကြာကြီးအိပ်နေလို့လေ
ညနေစောင်းနေပြီကို အာ့ကြောင့်နိုးပေးတာ"အတင်းရင်ခွင်ထဲဆွဲသွင်းကာ ပါးပြင်တစ်ဝိုက်ကိုအငမ်းမရနမ်းရိုက်နေသည်
ရှောင်ကျိ ရုန်းပေမယ့်လည်း သန်မာလွန်းလှသည့်လက်မောင်းတွေကြားမှာ ညပ်နေသည်"တော် တော်တော့ "
မျက်နှာကိုစောင်းကာ ငြင်းဆန်နေတော့ အနမ်းကြမ်းကြမ်းတို့က လည်တိုင်ကျော့ကျော့စီရောက်သွားပြီး
လည်စေ့သေးသေးကို မထိတထိဖွဖွကိုက်နေသည်
ရှောင်ကျိ သွေးတွေတောင်ပြောင်းပြန်စီးကုန်ပြီဟု ထင်နေမိသည်"ခင်ဗျား.. အရမ်းလွန်မလာနဲ့"
ပြောရင်း ဆောင့်ရုန်းလိုက်တာမို့ အနမ်းဘက်ကိုစိတ်ရောက်နေတဲ့ပိုင်းလော့ကျင်း လက်ကလွတ်သွားသည် သို့သော်လည်း ခဏသာ
ပြန်လည်ရင်ခွင်ထဲဆွဲသွင်းခြင်းခံရသည်ပင်"ကလေး...ဘာလို့အရမ်းဆိုးနေတာလဲ"
ပိုင်းလော့ကျင်းရဲ့ ပွတ်သီးပွတ်သပ်အမေးကြောင့်
ရှောင်ကျိ သီးမခံနိုင်တော့ဘဲ"ဗိုက်ဆာနေလို့ဗျို့ သိပြီလား
မနက်ထဲက ဘာမှမစားရသေးဘူး သိလား
ဘယ်သိမလဲ နှာခေါင်းမီးတောက်ဖို့ပဲစဉ်းစားနေတာမလား"ရှောင်ကျိ စကားကြောင့် ပိုင်းလော့ကျင်း အနမ်းတွေရပ်သွားပြီး
"အပြင်မှာ ဘယ်သူရှိလဲ ကလေးက ဗိုက်ဆာနေပြီ
အလိုက်ကိုမသိဘူး"ပိုင်းလော့ကျင်း စကားကြောင့် ရှောင်ကျိမျက်နှာရဲတတ်သွားပြီး
"ဘယ်သူက ကလေးလဲ ခင်ဗျားကိုတောင်လုပ်လို့ရတဲ့အရွယ်ရောက်နေပြီသိလား"

BẠN ĐANG ĐỌC
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Viễn tưởngကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉