မနက်ခင်း မလင်းမချင်းအချိန်ခါဝယ် ရှောင်ဖန်းတစ်ယောက် ပိုးသားစဖြင့်ုတ်ထားသောအထုတ်နှစ်ထုတ်အား တစ်ဖက်စီဆွဲကာ ဟိုကြည့်ဒီကြည့်ဖြင့် တနေရာရာသို့
အလောတကြီးဖြင့် သွားနေသည်"စဉ်းစားလို့မရဘူး ဘာလို့များဦးရီးတော်က
တူတော်လေးကို ဒီလိုလုပ်ခိုင်းတယ်ဆိုတာ
ဒါပေမယ့် ရှိစတော့ ဖွာလေးဖြစ်နေလို့ ဟွန့်"ရှောင်းဖန်းမကျေနိုင်မချမ်းနိုင်ရေရွတ်ရင်း ဘေးဘီလည်းကြည့်ရသေးသည်
ခဏနေ့ မယ်မယ်ကြီးအဆောင်သို့ရောက်မှ သက်ပြင်းချရင်း"ဒေါက် ဒေါက်....
ရှောင်ဖန်း အထုတ်နှစ်ထုတ်ကို လက်တစ်ဖက်ထဲပေါင်းဆွဲရင်း အဆောင်တံခါးကို ခပ်ဖွဖွခေါက်လိုက်ကာ အသံခပ်တိုးတိုးဖြင့်
"ဖွားလေး.......
ဖွားလေး မနိုးသေးဘူးလား ဖွားလေး"ရှောင်ဖန်း အထုတ်ပေါင်းဆွဲထားရသည့်လက်က နာလာသည်မို့ ဆက်မခေါက်တော့ ပါးစပ်ကသာခပ်တိုးတိုးခေါ်နေလိုက်တော့
တံခါးဖွင့်ရင်း ထွက်လာသော အားလော့"မင်းသားလေး ........
ဝင်လာခဲ့ အမြန်"နှစ်ဦးသား ဘေးဘီဝေ့ဝဲကြည့်ရင်း အဆောင်တံခါးကိုပြန်ခဲ့လိုက်သည်
ရှောင်ဖန်းအဆောင်ထဲရောက်တော့ ရောင်နီမလာတလာအချိန်ဖြစ်ပြီး အဆောင်ကလည်းအလုံပိတ်ထားသည်မို့ အဆောင်ထဲမှောင်မဲနေကာ ဖယောင်းတိုင်မီးယောင်ပြပြသာရှိသည်
ရှောင်ဖန်း ကုတင်ပေါ်လှမ်းကြည့်လိုက်တော့ အိပ်ပျော်နေဆဲ အထိန်းတော်လျဲ့
ရှောင်ဖန်း သိပ်တော့အမြင်မကြည်ချင် ဖွားလေးကျအောက်မှာအိပ်ရပြီး သူကျကုတင်ပေါ်မှာ
ဒါပေမယ့်လည်း အတူမအပ်တာတော့တော်သေးသည်ပြောရမည်
ဘယ်လိုပဲသင်းကွပ်ထားတယ်ပြောပြော ယောက်ကျားလေးယောက်ကျားပင်မဟုတ်ပါလား"မင်းသားလေး ဘာတွေငေးနေတာလဲ
အထုတ်တွေကလေးတယ်မလား ချလိုက်တော့လေ"အားလော့အသံကြားမှ ရှောင်ဖန်းအသိပြန်ဝင်လာပြီး အထုတ်တွေကို စားပွဲပေါ်ချလိုက်ရင်း
"ဖွားလေး ဗိုက်ဆာနေပြီလား"
"မဆာသေးပါဘူး မနေ့ကလာပို့ထားတာတွေတောင်ရှိပါသေးတယ်"

YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉