"ကလေးရော"ပိုင်းလော့ကျင်း လူကမရောက်သေးဘူး အသံကအရင်ရောက်လာသည်
ယင်း ကုတင်ပေါကိုလက်ညိုးထိုးပြလိုက်ပြီး"ဟိုမှာ ထိုင်နေတယ်"
ပိုင်းလော့ကျင်း ကုတင်စီလျောက်သွားလိုက်ပြီး
မျက်လုံးမှာစည်းထားတဲ့ ပိုးပဝါဖြူကိုဆွဲဖယ်လိုသည်"ဒါ ဒါက ဘယ်လိုဖြစ်ပြီး
ဒါကဘယ်လိုဖြစ်တာလဲ"ယင်း လည်းစိတ်မကောင်း သူလဲသိပြီးပြီလေ
ကြည့်ရတာပင်အဆင်မပြေ၍ ပုဝါပြန်စီးပေးထားခဲ့ခြင်းပင်ကြွေသားဖြူရောင်မျက်ဝန်းတွေမှာ အရင်ကရွန်းစိုတောက်ပခဲ့ဖူးတဲ့ မျက်စံနက်နက်လေးတွေမရှိတော့ အဖြူရောင်ပဂတိအတိုင်းသာ
ပိုင်းလော့ကျင်း သွေးတွေကတဖြည်းဖြည်းဆူပွတ်လာသည်
မဖြစ်ရဘူး ဒီလိုအဖြစ်မခံနိုင်ဘူး
ဘယ်နည်းနဲ့မှ ဒီလိုအဖြစ်မခံနိုင်ဘူး"ဘယ်သူလုပ်တာလဲ ကလေး ကိုယ်ကိုပြော
ဘယ်သူက လုပ်ရဲတာလဲ"ပိုင်းလော့ကျင်းဘယ်လိုပဲ မေးမေးရှောင်ကျိစီကအဖြေမရခဲ့ဘူး
ယင်းကြည့်မနေနိုင်တော့"စိတ်လျော့လော့ကျင်း ဆေးမိထားတာနေမှာ
ငါလည်းတချိန်လုံးမေးနေခဲ့တာ မဖြေဘူး"ထိုစဉ် ယီလည်းရောက်လာပြီး အကြည့်တွေကရုတ်ရက်ရှောင်ကျိစီအရောက် လန့်မအော်မိအောင် မနည်းပင်ထိန်းထားရသည်
"သတ်ပြစ်မယ် အကုန်သေရမယ်"
ပြောရင်း အတင်းသွားရန်လုပ်နေတဲ့ ပိုင်းလော့ကျင်းကို ယီဝင်ဆွဲရင်း
"အလျင်မလိုနဲ့ အကုန်ဖမ်းလာပြီးပြီ
ဘယ်ချိန်သတ်သတ်ရတယ် အဓိကက ချန်ရှောင်ကျိပဲ
ဆေးမိထားသလိုပဲ ငါသမားတော်ခေါ်ခဲ့မယ်
စိတ်ကိုအေးအေးထား "ပြောပြီး ပိုင်းလော့ကျင်းကိုထိုင်စေပြီး ယင်းအားကြည့်ထားတိုသည့်အကြည့်နှင့်ကြည့်လိုက်ပြီး သမားတော်ခေါ်ဖို့ထွက်မည်အလုပ်
"ငါသွားလိုက်မယ် "
ယင်းကပြောပြီး ဦးအောင်ထွက်သွားလေသည်
တစ်ခုခုဆို ယင်းကမကိုင်တွယ်တတ်ပေ ထို့ကြောင့်လည်း ယီအားထားခဲ့ခြင်းဖြစ်မည်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉