ရှောင်ကျိတစ်ယောက် ကိုယ်ရံတော်ယင်းနှင့် နန်းတော်ထဲရှောက်လည်လိုက်တာ မှောင်ရီပျိုးစအချိန်မှ
ပိုင်းလော့ကျင်းထံ ပြန်ရောက်လာလေသည်
နန်းတော်ထဲဆိုပေမယ့် အရှေ့ဘက်ဥယျာဉ်ထဲ၌သာ
အချိန်ကုန်ခဲ့ရသည်ရှောင်ကျိပြန်ရောက်ချိန်တွင် ပိုင်းလော့ကျင်းက ကုတင်ခေါင်းရင်းအား မှီထိုင်ကာ လက်တစ်ဖက်က
သေရည်အိုးကိုင်ထားပြီး တစ်ဖက်ထဲရှိပန်းကန်ထဲသို့လောင်းထည့်ကာ ဇိမ်ပြေနပြေအရသာခံသောက်နေလေသည်ရှောင်ကျိမှာမူ ပိုင်းလော့ကျင်းထံလျှောက်သွားရင်ကောင်းမလား
်တဖက်က ကွင်းပြီး ပိုင်းလော့ကျင်း နှင့်ဆန့်ကျင်ဖက်နေရာတွင်သာ ဝင်ထိုင်လိုက်ရင်ကောင်းမလားဟူ၍ တွေးရခက်ကာ
တံခါးပေါက်နား၌ ရပ်နေဆဲပင်တံခါးဝ၌ ရှောင်ကျိရပ်နေသည်မှာ တော်တော်ကြာတဲ့အထိ ပိုင်းလော့ကျင်းစကားမစသေး လှည့်လည်းမကြည့်
သေရည်ကိုသာ အရသာခံသောက်နေလေသည်
(မျက်လုံးတွေမှေးဆင်းပြီး ဖြေးညင်းစွာသောက်နေခြင်း)ရှောင်ကျိလက်ဖဝါးနှစ်ခုအား အကြောင်းမရှိပါပဲ
အချင်းချင်းပွတ်သတ်နေမိသည်
နေ့ခင်းက လျှောက်လည်ရလို့ ပျော်သည့်အပျော်များမှာ
ရုတ်ချက်းပင်ပျောက်ကွယ်သွားရသည့်တိုင်
စိတ်မှာလည်း မအေးချမ်းနိုင်တော့
ရုတ်တရက်ချွေးမျါးပင် စို့လာသယောင်
စိတ်လူပ်ရှားမူတို့ကြောင့် နှလုံးခုန်ပင်မြန်လာရပြီး
ကြောက်စိတ်တို့ကလည်း တဖြည်းဖြည်းမြင့်သထက်မြင့်လာလေသည်
ဒီအိပ်ခန်းသို့ ပြန်လာစဉ်လာက ရှောင်လွဲမရသည်မို့
ပိုင်းလော့ကျင်း သဘောတိုင်းလိုက်ရောကာ
သက်သာစေရန်တောင်းဆိုမည်ဟု စဉ်းစားထားပါသော်လည်း
လက်တွေ့မှာမူ ကြောက်စိတ်တို့ကသာကြီးစိုးနေလျက်
ခြေလှမ်းပင်မရွေ့နိုင်တော့ပိုင်းလော့ကျင်းဆိုသည်မှာ တခြားချိန်တွေငါ သဘောကောင်းရင်ကောင်းမယ် အိပ်ရာပေါ်တွင်သဘောမကောင်းလူသားမှန်း သူထက်ဘယ်သူကပိုသိနိုင်ပါလိမ့်မလဲ
အရင်ဒဏ်ရာမျမှ လုံးဝပျောက်ကင်းသေးသည်မဟုတ်
မတွင်း၌အောင့်နေသေးသည်
ဒါပေမဲ့လည်း ရှောင်လွဲလို့ရသည့်မဟုတ်မှန်း အစတည်းကကြိုသိခဲ့ပြီးသား
ဒါပေမဲ့လည်း တစ်ယောက်ယောက်လာကယ်မယ်ဆိုရင်ပေါ့
ဆိုသည့်စိတ်က ဖျောက်မရ
လာကယ်မဲ့သူမရှိမှန်းလည်း သိထားပြီးသား
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉