ရှောင်ကျိ မျက်လုံးတွေ ဖြည်းညင်းစွာပွင့်လာရင်း
နိုးလာတော့ ရင်းနှီးနေသည့် မြင်ကွင်းကြောင့်
သူမသေသေးဘူးဆိုတာ သိလိုက်ရသည်
ဒါပေမယ့် ငါသေချင်တယ်
ဘာလို့ ရှင်နေသေးတာလဲခန္ဓာကိုယ်က လူပ်ဖို့မပြောနဲ့ ခေါင်းလေးတောင်မစောင်းနိုင်ဘူး
လည်ချောင်းထဲကခြောက်သွေ့နေပြီး ရေအရမ်းဆာလောင်နေပေမယ့် အသံထွက်ဖို့အားမရှိသေးပေ"ကိုယ်လုပ်တော်ချန်...."
အပြေးတပိုင်းနဲ့ ပန်းကန်တချို့ထည့်ထားသည့်ဗန်းလေးကိုင်ပြီး ရောက်လာသူ အားလော့
သူမက ရှောင်ကျိလက်တွေကိုဆုပ်ကိုင်လိုက်ရင်း"ကောင်းလိုက်တာ လေးရက်ကြီးတောင်ဘာလို့အိပ်နေခဲ့တာလဲ
ပြန်မနိုးလာတော့ဘူးထင်နေခဲ့တာ"မျက်ရည်တွေရစ်သိုင်းနေရင်းပြောလာတဲ့အားလော့ကြောင့်
ရှောင်ကျိစိတ်မကောင်းဖြစ်သွားရသည်
စိတ်ထဲ၌လည်း
ငါပြန်နိုးလာချင်ခဲ့ဘူး
ဒီတိုင်းပဲ ဆက်ပြီးအိပ်ပျော်သွားချင်တာ"ကိုယ်လုပ်တော်ချန် ရေသောက်မလား"
အားလော့ ကိုယ်လုပ်တောမချန်လိုမျိုးလူတွေ မရေနိုင်အောင်တွေ့ဖူးခဲ့သဖြင့် ရေဆာနေမည်ကိုသိသည်
ဒါကြောင့်လည်း ရေကိုဇွန်းနဲ့သေချာခပ်ပြီးဂရုတစိုက်တိုက်ပေးနေသည်"ကိုယ်လုပ်တော်ချန် မစိုးရိမ်နဲ့နော် အရှင်ခရီးထွက်သွားတယ်
ရက်တော်တော်ကြာမယ်ထင်တယ် စိတ်အေးအေးထားပြီး
အနားယူနော်"ရှောင်ကျိရဲ့စိတ်ကို သိနေသည်အလား ပြောနေတဲ့အားလော့ကြောင့် ရှောင်ကျိ စိတ်ထဲကျိတ်ဝမ်းသာနေမိသည်
ခရီးထွက်သွားတယ် ဘယ်တော့ပြန်မလာလဲကောင်းတာပဲရေတိုက်ခြင်းပြီးသွားတော့ အားလော့ပန်ကန်ကိုဆောင့်ချလိုက်ပြီး
"အရှင်အရမ်းလွန်တယ် ကိုယ်လုပ်တော်ချန်သေချာရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဆိုတာအားလော့ယုံတယ် အရှင်ကဘာလို့နည်းနည်းလေးတောင်ကိုယ်လုပ်တော်ချန်ကို
မယုံကြည်ပေးနိုင်ရတာလဲ ပြီးတော့...ပြီးတော့....
အိုင်ယား...အရှင်အရမ်းလွန်တယ်....."
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉