part 58

41.4K 3.4K 256
                                    

"ဥပဒေဟောင်းကျမ်းလား အဲတာက ထိန်းသိမ်းရေးဋ္ဌာနမှာပဲရှိမှာပေါ့ မဟုတ်လဲလော့ကျင်းစီမှာနေမှာ"

ယင်းစကားကြောင့် ယီမျက်မှောင်ကျုံ့ရင်း

"တကယ်တော့ ငါ့စီမှာ"

"မင်းကဘာလုပ်ဖို့ယူထားတာလဲ"

ယီ ကူရှာမပေးပဲ စကားများနေတဲ့ ယင်းကြောင့်
စိတ်ကမရှည်ချင်တော့

"အရင်ဥပဒေဟောင်းတွေ ပြန်လေ့လာချင့်လို့ဟေ့
သိပြီလား မကူညီလဲသွားကွာ မနောင့်ယှက်စမ်းနဲ့"

"အေးပါ ဆေးပူတုန်းသောက်လိုက်ဦး"

ယင်းပြန်သွားတော့မှ နားအေးသွားသည်

တွေ့ပြီ...

တော်တော်ရှာလိုက်ရသည်မို့ ယီချွေးတွေတောင်ပြန်နေသည် ပစ္စည်းတွေလည်းရူပ်ပွလို့

နောက်မှပြန်ရှင်းတော့မယ်

ယီ ခုံပေါ်ထိုင်လိုက်ရင်း ယင်းလာပေးသည့်ဆေးကိုအရင်သောက်လိုက်ပြီးမှ
ကျမ်းကို ဖုန်တွေခါလိုက်သည်
ဥပဒေဟောင်းကျမ်းဆိုသည့်အတိုင်း အရင်အရင်ဧကရာဇ်တွေလက်ထပ်တော်က ဥပဒေဟောင်းတွေကို သေချာမှတ်တမ်းတင်ထားသည့်
မှတ်တမ်းစာအုပ်ပါပင်

ယီလှန်လှောနေရင်း အရင်ဧကရာဇ်လက်ထက်တော်က
ပယ်ဖျက်လိုက်သည့် ဥပဒေတစ်ရပ်ကိုလိုက်ရှာနေခြင်းပင်

ထိုဥပဒေက နန်းတော်ထဲမှာ အောက်လမ်းသုံး၍ သန္ဓေပြောင်းကိုယ်ဝန်ဆောင်ခြင်းကို တားမြစ်ထားသော ဥပဒေပင်

အရင်ဧကရာဇ်က ထိုဥပဒေကိုလက်ခံ၍ ပယ်ဖျက်တာမျိုးမဟုတ်ပဲ မည်သူမှအသုံးမပြုတော့လို့
ပယ်ဖျက်လိုက်ခြင်းပင်

ယီ တော်တော်ကြာအောင် ရှာလိုက်ရပြီး
တွေ့ရှိသွားတော့ သူထင်သည့်အတိုင်းပင်
ပိုင်းလော့ကျင်း အဆောင်တော်မှာတွေ့ခဲ့တာကသန္ဓေပြောင်း ကိုယ်ဝန်ဆောင်ခြင်းပင်

ကျမ်းထဲတွင်ဖော်ပြထားသည်က
ဟိုးတုန်းက အမျိုးသားကိုယ်လုပ်တော် တော်တော်များများက အပျိုတော်တချို့ကို
သန္ဓေပြောင်း ကိုယ်ဝန်ဆောင်စေရန် ထိုနည်းလမ်းကိုအသုံးပြုခဲ့ကျသည်

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now