ကိုယ်လုပ်တော်မြှောက်ပွဲနေ့
သာမာန်ကိုယ်လုပ်တော်မြောက်ပွဲလေးပေမယ့်
မိဖုရားရားခေါင်မြောက်ပွဲထက်ပင်ပျော်စရာကောင်းနေသည်
တီးဝိုင်းသံနှင့်အပြိုင်သွက်လက်စွာလူပ်ရှားယမ်းနွဲ့နေသော
အကမယ်လေးများက ပွဲအားအလှဆင်နေသည်
အစကပွဲတတ်ရန်မကြည်ခဲ့သည်အမတ်ကြီးများပင်လျှင်
ပျော်ရွှင်ဟန်ပြနေသည် နန်းတွင်သူအပျိုတော်တစ်သိုက်မှာလည်း ဟိုသည်ကူးသန်းနေသည်က လိပ်ပြာလေးများအုပ်စုလိုက်ပျံသန်းနေသယောင်နန်းတွင်းအမူထမ်းအားလုံးအား ပွဲတတ်ရန်အမိန့်ထုတ်ပြန်ခဲ့ပြီး မခမ်းနားပေမယ့်
လွန်စွာပျော်စရာကောင်းနေသည့်အတွက် နန်းတော်ရှိအစေခံများအစ အပြုံးပန်းဝေကာပျော်ရွှင်ကျနေသည်
မိဖုရားခေါင်ကြီးပင်လျှင် စိတ်ကြည်လာဟန်ပြနေသော်လည်း
မကြည်နိုင်သူတစ်ဦးတော့ရှိလေသည်
ထိုသူကတော့ ဒုမိဖုရားပင်....ကြီးမားလှ၍ရှည်လျားလှသော စားပွဲကြီးတွင်
အမတ်ကြီးများနေရာယူထားပြီး စာပွဲး၏ထိပ်တွင်
ဧကရာဇ်စန်းပိုင်းလော့ကျင်းရှိနေပြီး အတော်ပင်ပျော်ရွှင်နေသယောင် တစ်ခါတစ်ခါ
အမတ်ကြီးတချို့နှင့်စကားလှမ်းပြောရင်း အော်ရီနေတတ်သေးသည် အမတ်ကြီးများမှာ ဧကရာဇ်၏ထိုသို့သောပုံစံအားမြင်ရခဲသဖြင့် အရှင်စိတ်ကြည်နေမှန်းတမ်း၍သိကြသည်
ထို့ကြောင့်လည်း အရှင့်စကားစမည်ပြောဆိုနေကျရင်း
သူတို့ထံပင်အပျော်များကူးစက်လာသည်
ဧကရာဇ်၏ ညာဘက်တွင်မိဖုရားခေါင်ကြီးရှိနေပြီး
ဘယ်ဘက်တွင် ကိုယ်လုပ်တော်ချန်ရှိနေသည်
မိဖုရားခေါင်ကြီးမှာလည်း အစကတော့ဖြင့် ပွဲအားမလာချင်ခဲ့
ဖခင်၏စကားကြောင့်သာ ကျိတ်မှိတ်ပြီးလာခဲ့ပေမယ့်
ခုတော့ဖြင့် ကိုယ်လုပ်တော်အသစ်အားလည်း ဂရုမပြုနိုင်
လှပျိဖြူလေးများ ညီညာသွက်စွာကပြီးနောက်
မျက်လှည့်နှင့် ကြိုးတန်းဖျော်ဖြေမူများပါရှိနေသောကြောင့်ပင်
ပြင်ရဆင်ရမနှစ်သတ်သည့်မိဖုရားခေါင်မှာ ရိုးရှင်းစွာတင့်တယ်နေသည်
ဘယ်ဘက်က ကိုယ်လုပ်တော်ချန်ကမူ အနီရောင်အသားညှပ်ပေါင်မူန့်အလယ်မှ အသားတုံးသေးသေးလေးနှင်တူလှသည်
ခြေထောက်နှင့်လက်တွေမှာ ထိုမပြီးဆုံးနိင်သည့်
အနီရောင်ပိုးသားအင်္ကျီ၏ ရှည်လျားမူအောက် ဆုံးဆုံးမြုပ်နေလေသည် ခေါင်းမှအုပ်ထားသည့်
အနီရောင်ဇာပါးပါးအောက်တွင် ချစ်စရာကောင်းလှသည့် မျက်နှာလေးမှေးမိန်နေလေသည်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉