part 14

68.1K 4K 164
                                    


ပိုင်းလော့ကျင်း အဆောင်ပြန်ရောက်ချိန်တွင်
ရှောင်ကျိမှာ ဆန်မုန့်များအပလုတ်ပလောင်းစားသောက်နေသည်ကိုတွေ့ရလေသည်
ပိုင်းလော့ကျင်းအားမြင်သည်နှင့် ဆန်မုန့်ပန်းကန်အားပိုက်ကာ
တဖက်လှည့်သွားသဖြင့် ပိုင်းလော့ကျင်းမျက်မှောင်ကျုံ့သည်
ဒီကလေး စိတ်ဆိုးနေတာလား

အနေအထားမှာ ပိုင်းလော့ကျင်းက အခန်းဝ၌ရပ်နေခြင်းဖြစ်ပြီး ရှောင်ကျိက စားပွဲခုံတွင်ထိုင်နေခြင်းပင်
ပိုင်းလော့ကျင်း ရှောင်ကျိစီလျှောက်သွားလိုက်ပြီး
ဆန်မုန့်ပန်းကန်အားဆွဲလုလိုက်တော့ မျက်လုံးပြူးလေးနှင့်ကြည့်လာသော ရှောင်ကျိ

"ဘာလုပ်တာလဲ ပြန်ပေးခုချက်ခြင်း"

ရှောင်ကျိပြောပြီး ပြန်လုပေမယ့် ပိုင်းလော့ကျင်းက လက်မြောက်လိုက်သည်မို့မမှီတော့
ရှောင်ကျိစိတ်တိုလာကာ

"ပြန်ပေးလို့ပြောနေတယ်လေ ကန်းနေလား"

"အင်း...ကန်းနေတာ..."

ပိုင်းလော့ကျင်းအဖြေကြောင့် ရှောင်ကျိလိုက်လုနေခြင်းတို့ရပ်တန့်သွားရသည်
ပိုင်းလော့ကျင်းအသံက နူးညံညင်သာနေသောကြောင့်ပင်

ရှောင်ကျိ
ဒီဘိုးတော် နာရမှန်းမသိတာလား

"ကန်းနေတာလို့...ကိုယ်က"

ထပ်မံထွက်ပေါ်လာသော ပိုင်းလော့ကျင်းအသံကြောင့်
ရှောင်ကျိစဉ်းစားရကျပ်သွားသည်
ဒါက တိုင်းပြည်အုပ်စိုးတဲ့ ဧကရာဇ်တစ်ပါးတဲ့လား

"သိလည်းပြီးတာပဲ"

ရှောင်ကျိ ဘောက်ဆက်ဆက်ပြောပြီး နောက်ဆုတ်လိုက်သည်
ဒီဘိုးတော်ပုံက ပုံမှန်မဟုတ်ဘူး တစ်ခုခုပဲ

ပိုင်းလော့ကျင်း ပြုံးလိုက်ပြီး ဆန်မုန့်ပန်းကန်အား စားပွဲပေါ်ပြန်တင်လိုက်တော့ ပန်းကန်စီသို့ လက်လှမ်းလာသည့်ရှောင်ကျိ
ပန်းကန်စီမရောက်မှီ ပိုင်းလော့ကျင်းက ရှောင်ကျိလက်လေးအားဖမ်းယူလိုက်သည်

"ဆန်မုန့်မစားနဲ့ အဲတာထက်ပိုစားကောင်းတာကျွေးမယ်"

ပိုင်းလော့ကျင်း နုတ်ခမ်းသားတို့က ရှောင်ကျိလက်ဖမိုးပေါ်သို့

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now