part 66

47.8K 3.7K 301
                                    


နောက်တစ်နေ့ ညီလာခံတွင်...

အမတ်ကြီးတွေ တစ်ယောက်မှ အသက်ရဲရဲမရူဝံ့အောင်ကိုထိန့်လန့်နေသည်
ရှေ့က မိဖုရားခေါင်ကို မိဖုရားအဆင်ယဉ်တွေဖြုတ်ကာ
ကြိုးတုပ်ထားသောကြောင့်ပင်

"အောက်လမ်းဆရာမကကိုပါ ခေါ်လာခဲ့"

ပိုင်းလော့ကျင်း အမိန့်ရသည်နှင့် ဖမ်ထားသောအောက်လမ်းဆရာမကိုပါ
ရှေ့တော်သွင်းလိုက်တော့် နန်းမန်ထမ်းမျက်လုံးတွေပြူးကျယ်သွားသည်

ဘာမလိုလုပ်ပြီး ရှာတွေ့သွားတာလဲ

ပိုင်းလော့ကျင်း အောက်လမ်းဆရာမကိုတည့်တည့်ကြည့်လိုက်ပြီး

"ကဲ မယ်မင်းလုပ်တဲ့အပြစ်ကို သိတယ်နော်
တစ်ခုမကျန်ပြောစမ်း"

အောက်လမ်းဆရာမမျက်စိစုံမှိတ်ကာ မထူးတော့ပြီမို့
ဖြစ်ပြီးခဲ့သမျှအကြောင်းကုန်ဆင်ကို စီကာပက်ကုံး
ပြောပြရတော့သည်

အောက်လမ်းဆရာမရဲ့စကားအဆုံး အမတ်ကြီးတွေ
ထိတ်လန့်လွန်းလို့ ပါးစပ်ပင်မစိနိုင်ကျတော့

"ဘယ်လိုတောင်အတင့်ရဲပြီး တော်ဝင်နန်းသွေးကိုအရူးလုပ်ရဲတာလဲ
ဒီမိန်းမတွေတော့"

"အရှင် သေဒဏ်ပေးဖို့တောင်း
ဆိုပါတယ်"

လက်ဝဲအမတ်ကြီးစကားကိုကျန်အမတ်ကြီးများကထောက်ခံကျရင်း ညီလာခံတစ်ခုလုံးအုံးအုံးကျွတ်ကျွတ်ဖြစ်ကုန်တော့သည်

"ဒီကိစ္စက ခွင့်လွတ်ပေးလို့မရနိုင်ပါဘူးအရှင်
မိဖုရားခေါင်လဲဖြစ်လည်းပဲ ခုချက်ခြင်းပဲ
အမိန့်ချပေးတော်မူပါ"

"ဟုတ်ပါတယ် အရှင်
အနောက်ဆောင်တော်မှာ ဒီလိုအဖြစ်မျိုးထပ်မရှိရလေအောင် ပြင်းထန်စွာအပြစ်ပေးရပါမယ်"

"ဈေးထဲ လေးပိုင်းဆွဲပြီး စီရင်တာက
အသင့်တော်ဆုံးပါ"

"တိတ်စမ်း..!!!"

ပိုင်းလော့ကျင်း အသံကြောင့် တစ်ယောက်တစ်ပေါက်ဆူညံနေတဲအမတ်တွေ
အကုန်ငြိမ်ကျသွားတော့သည်

ခဏလောက်နေမှ ပိုင်းလော့ကျင်း သက်ပျင်းချရင်း

"အမိန့်ချမယ်
အောက်လမ်းဆရာမက နန်းတော်မှာ တော်ဝင်မိသားစုကို
မထီမဲ့မြင်လုပ်ပြီး ညစ်ညမ်းတဲ့အောက်လမ်းသုံးပြီး
တော်ဝင်အိမ်တော်ကိုစော်ကားတယ်
ကာယကံရှင်ရှင်မသိဘဲ သွေးသားတည်အောင်ဆောင်ရွက်ခဲ့တာမို့
မသေမချင်းနိပ်စက်ပြီးသတ်စေ
နန်းမန်ထမ်း မင်းကတော့ မလိုတမာမူနဲ့မိဖုရားခေါင်နေရာအတွက်
နန်းသွေးကိုအသုံးချပြီး တော်ဝင်မိသားစုကိုအရူးလုပ်တယ်
မင်းရဲ့အပြစ်က သေဖို့ထိုက်တန်ပေမယ့်
အိမ်ရှေ့စံကိုမွေးဖွားပေးခဲ့မျက်နာထောက်ပြီး
သေဒဏ်ကနေချမ်းသာပေးမယ်
မိဖုရားခေါင်ရာထူးကပယ်ချပြီး ခုချက်ခြင်း ပြည်နှင်ဒဏ်ပေးတယ် နောက်ထပ် ဒီတိုင်းပြည်ထဲကို
အရိပ်တောင် ဝင်မလာရတော့ဘူး"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now