နှစ်နှစ်ခန့် ကျော်လွန်လာခဲ့ပြီးနောက်......."ပိုင်းလော့ကျင်း ခင်ဗျားမထသေးဘူးလား
ညီလာခံသွားရဦးမှာမလား"ရှောင်ကျိ ဘေးမှာမှောက်ရပ်အိပ်ပျော်နေတဲ့ပိုင်းလော့ကျင်းကို
အိပ်နေတယ်လို့တောင်မထင်မိတော့
အရင်ရက်တွေကအစောကြီးထပြီးတော့"ပိုင်းလော့ကျင်းလို့..."
"အွန်း...ညီလာခံမရှိဘူး...."
ရှောင်ကျိ လူပ်နိုးပြစ်တော့မှ အိပ်ချင်မူးတူးအသံကထွက်လာသည်
ရှောင်ကျိ ကျောကိုတဖက်ဖက်ရိုက်ရင်း"မသွားရလဲထဗျာ ရေဆာတယ်....
ကျနော်အောက်မဆင်းနိုင်ဘူး ထလို့.."ပိုင်းလော့ကျင်း တစ်ယောက်မနေသာတော့
ထပြီးရေကရားထဲကရေဆင်းငှဲ့ပေးရတော့သည်
စားပွဲံပေါ်ကရေကရားနဲ့ပန်းကန်ယူလာပြီး
ရှောင်ကျိနားရောက်မှ ငှဲ့ပေးကာပေးလိုက်သည်
မပေးလို့လဲမရ ညကသောင်းကျန်းထားတာကြောင့်
သူလူပ်လို့မရမှာအသေချာမို့"ယူဦးမှာလား"
"တော်ပြီ"
ရေကရားသွားပြန်ထားရင်း သူပါရေသောက်လိုက်တော့
အိပ်ချင်နေဆဲမျက်လုံးတွေ ကြည်လာသလိုလို
ထပ်လည်းအိပ်ချင်စိတ်မရှိတော့သည်မို့
ကလေးနဲ့အတူရေချိုးတော့မည်"ရေချိုးရအောင် ကလေး"
"မချိုးဘူး အရင်ရေချိုးဆောင်လိုမျိုးလည်းမဟုတ်ပဲနဲ့
သစ်ပင်တွေလဲမရှိဘူး ရေကန်ကလည်းသေးသေးလေး
ဖြူလုံးလေးတွေလဲမရှိဘူး"ကြည့်ကြည့် အဆောင်ပြောင်းဖို့ သူပဲပူဆာခဲ့ပြီးတော့
"ဟောဗျာ..ကလေးပဲကိုယ်ပိုင်အဆောင်သီးသန့်နေချင်တယ်ဆို အဲလိုရေချိုးဆောင်မျိုးက ဖြစ်ဖို့က အချိန်တွေနှစ်နဲ့ချီကြာမှာလေ"
ရှောင်ကျိ စိတ်ဆင်းရဲလာသည်
ကိုယ်က သူစိတ်မရူပ်ရအောင် အဆောင်ခွဲနေမယ်ပြောတာ သူကအဆောင်သစ်ဆောက်ပေးပြီး သူပါလိုက်နေသည်
ပြောင်းနေသည့် နေ့ကစပြီး နှစ်နှစ်ပင်ရှိလောက်ပြီ
တစ်ခါမှ ကိုယ့်အဆောင်ကိုယ်လည်းပြန်တယ်မရှိ

YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉