"လော့ကျင်း ရွဲ့ ဂိုဏ်းချုပ်ရောက်နေပြီ
ဧည့်ဆောင်မှာစောင့်ခိုင်းထားတယ်"ပိုင်းလော့ကျင်း အိပ်ပျော်နေတဲ့ရှောင်ကျိကို ကြည့်နေတာရပ်လိုက်ပြီး
"ယီ မင်းပြောကြည့်ဦး
သူ့မျက်လုံးတွေ ပြန်မြင်လာနိုင်ပါ့မလား"ပိုင်းလော့ကျင်းစကားကြောင့် ယီ ရှောင်ကျိကိုတစ်ချက်ကြည့်လိုက်ပြီး
"မပြောတတ်ဘူး စိတ်ကိုဖိအားမပေးနဲ့
အရမ်းလည်းမျော်လင့်မထားနဲ့
အရမ်းပင်ပန်းနေရင်
နားလိုက်တော့ မနက်ကျမှရွဲ့ ဂိုဏ်းချုပ်နဲ့စကားပြောရအောင် ဟုတ်ပြီလား"ယီက ပိုင်းလော့ကျင်းပုခုံးကို ညင်သာစွာပုတ်ပေးရင်း
ပြောပြီး ထွက်သွားလေသည်
အမှန်တိုင်းပြောရရင် ပိုင်းလော့ကျင်းလည်း အရမ်းကိုပင်ပန်းနေပြီ ဘာမှတွေးမနေတော့ပဲ
ရှောင်ကျိဘေးဝင်လှဲလိုက်ပြီး ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာ
အိပ်စက်လိုက်တော့သည်
.
.
.
.
.
............................................................"စကားကိုဘာလို့ပြီးစလွယ်ပြောရက်တာလဲ ဦးလေးရယ် ကိုယ်လုပ်တော်ချန်ရဲ့ပုံစံကိုလည်း
ဦးလေးမြင်ခဲ့ရတယ်မဟုတ်လား ဘယ်လိုလုပ်ပြီး ပုံမှန်ဖြစ်နိုင်မှာလဲ"သမားတော်ကြီး သွေးပင်တတ်ချင်လာသည်
ဧကရာဇ်ဓားအောက်က သီသီလေးကပ်လွတ်လာခဲ့၍ အကြောက်ပင်မပြေသေး တူမဖြစ်သူရစ်ခြင်းခံနေရသည်
သမားတော်ကြီး သက်ပြင်းအကြိမ်ကြိမ်ချရင်း"ငါတကယ်မသိဘူးအားလော့ရေ ငါစမ်းသပ်တာတော့ပုံမှန်ပဲ ငါအရမ်းပင်ပန်းနေလို့ပါ
မနှောင့်ယှက်ပါနဲ့တော့ အချိန်လည်းမနည်းတော့ဘူး
ပြန်တော့ဟုတ်ပြီလား"ပြောပြီး အဆောင်ထဲဝင်မည်လုပ်နေတဲ့ သမားတော်ကြီးလက်ကို အားလော့လှမ်းဆွဲလိုက်ရင်း
"ဦးလေးက တိုင်းပြည်ရဲ့ အတော်ဆုံးသမားတော်ကြီးပဲလေ ဘာမှမသိဘူးတဲ့လား ဦးလေး....."
သမားတော်ကြီး သမားတော်ဖြစ်တဲ့ ကိုယ့်ဘဝကိုပဲအပြစ်တင်မိတော့သည်
"အားလော့ရာ...ငါ့လည်းသနားပါဦး
ဧကရာဇ်ကြောင့် ငါ့မှာဒူးတုန်တာတောင်မပျောက်သေးပါဘူး ငါနားပါရစေ သွားပါတော့နော်"
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉