part2

107K 5.6K 240
                                    

ဝါး.............!

ပါးစပ်ကိုအသားကုန်ဖြဲပြီး
အားရပါးရသမ်းဝေပြီးမှ တစ်ကိုယ်လုံးအကြောဆနု့်ကာ
မျက်လုံးတို့ဖွင့်ကြည့်လိုက်သည်။

"ဝါး...ကြည်လင်နေတာပါပဲလား.."

ဟုတ်သည် မျက်လုံးနှင့်အပြည့်မြင်နေရသည်က ကြည်လင်သောသန့်ရှင်းနေတဲ့
တိမ်သားဖြူဖြူတို့ကင်းရှင်းတဲ့ မိုးပြာရောင်နုနုကောင်းကြီးပင်။တကယ်ကိုတိမ်တောင်တစက်လေးမှ ရှိမနေအောင်ကိုရာသီဥတုသာယာနေချက်ကတော့။

ခြေဆင်းထားလျက်နဲ့ပဲ
အကျင့်ပါနေတဲ့အမူကျင့်ဖြစ်တဲ့
လည်ပင်းကို ကုတ်ရင်းထထိုင်လိုက်ရသည်။

သေချာကြည့်မှ ဝေယံရောက်ရှိနေတဲ့နေရာက အစိမ်းရောင်
မျက်ခင်းပြင်အကျယ်ကြီးဖြစ်ပြီး
ဘာဆိုဘာမှရှိမနေပဲ
နေရောင်ဖျဖျက ပူတအားပူနေတာမျိုးမဟုတ်ပဲ
ပူနေတယ်ဆိုရုံလေး..။

"ဒါကဘယ်နေရာပါလိမ့်"

စာရေးတာများလွန်းလို့ ​ကြောင်ချင်နေတဲ့ခေါင်းကို နှစ်ချက်လောက်ဆင့်ထုရင်း ဝေယံသေချာပြန်စဉ်းစားကြည့်လိုက်တော့မှ...

" အာ...ငါဓာက်လိုက်သွားတာပဲ အဲလိုဆိုလည်းဆးရုံရောက်နေရမှာပါ ဘာလို့မျက်ခင်းပြင်ပေါ်လည်း
မေ့လို့ ...ငါ့ကိုဘယ်သူကတွေ့ပြီးဆေးရုံပို့ပေးမှာလည်း"

ဟုတ်သည်လေ ဝေယံကအပြင်သိပ်ထွက်သည်လည်းမဟုတ်
စားစရာတွေကို တစ်လစာနှစ်လစာ စုဝယ်ထားပြီး
ဈေးဝယ်တဲ့အချိန်ပဲအပြင်ထွက်တာကိ
အပြင်ထွက်သည်ဆိုလျှင်တောင် ဘယ်မှမသွားပဲ
ဝယ်စရာရှိတာဝယ်ပြီး ချက်ခြင်းပင်ပြန်လာတတ်တာ
ှူဲူသူငယ်ချင်းတွေနဲ့လည်း အဆက်ဖြတ်ခဲ့တာပြောမပြတတ်အောင်ကိုကြာနေပြီး
ဝေယံယခုနေသည့်နေရာကိုလည်း မသိကျပေ။
ဆယ့်နှစ်ရာသီလုံး တိတ်ဆိတ်လွန်းလို့
လူနေသည်ဟုပင် သိချင်မှသိကျလိမ့်မည်။
ဆိုတော့ တစ်ခုပဲရှိတော့သည်...

"သြော်.... ငါတောင်သေ သွားခဲ့ပြီကိုး"

ဆိုတော့ ဒီနေရာက နတ်ပြည်များလား...!

ကိုယ့်အတွေးနဲ့ကိုယ်ထင်မြင်လိုက်ပြီး
ဘေးဘီကို ထပ်မံဝေ့ဝဲကြည့်လိုက်တော့
မလှမ်းမကမ်းတွင် လူသွားလမ်းရာလေးရှိနေသည်တဲ့။

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Donde viven las historias. Descúbrelo ahora