"လာခဲ့စမ်း..."ဝေယံ လွန်းလွန်းလမင်း လက်ကိုဆွဲကာ ကျောင်းအပေါ်ဆုံးထပ်ကို ဆွဲခေါ်လာခဲ့သည်
ဝေယံရဲ့ သီးခံနိုင်စွမ်းတွေက ကုန်ဆုံးနေပြီလေလွန်းလွန်းလမင်းအား ဆောင့်တွန်းလိုက်ပြီး
"မင်းဘာ$ချိုးချိုးတာလဲ
ဘာ ငါကမင်းနဲ့စေ့စပ်မယ်ဟုတ်လား
မင်းမရှက်တတ်ဘူးလား ငါဘယ်နှခါပြောရမလဲ မင်းကိုမကြိုက်ဘူးလို့ ငါဘယ်လိုပြောမှနားလည်မှာလဲ"ဝေယံ လည်ပင်းကြောတွေထောင်လာသည်အထိအော်ပြစ်လိုက်သည်
သူငယ်ချင်းဖြစ်နေတဲ့ မိဘတွေကြောင့်
မူကြိုကတည်းက သိကျွမ်းခဲ့တဲ့ ခင်မင်မူမည်တဲ့
သံယောဇဉ် တစ်ခုကြောင့် အမျိုးမျိုးသီးခံခဲ့ပြီးပြီခုလိုမျိုး နိုင်ငံခြားရောက်နေတဲ့ မိဘတွေကို နှစ်ဦးသဘောတူစေ့စပ်တော့မယ်လို့ အကြောင်းကြားပြီး စေ့စပ်ပွဲစီစဉ်တာကတော့
အရမ်းကိုလွန်သွားပြီ ဆက်ပြီးသီးမခံနိုင်တော့ဘူးလွန်းလွန်းလမင်း ကဝေယံလက်ကိုဆုပ်ကိုင်ကာ
"မဟုတ်ပါဘူးယံရယ် လွန်း ကလေ
ယံရဲ့ပိုင်ရှင်ဆိုတာ ကြေငြာထားယုံပါ စေ့စပ်ထားရုံလေးပဲလေ ကျောင်းပြီးမှလက်ထပ်မယ်လေ"ဝေယံဒေါသတို့ ပေါက်ကွဲလေပြီ
"ရူးနေတာလား....!!
ဘယ်သူကို မင်းကိုလက်ထပ်မှာလဲ
ဘယ်သူကမင်းကိုကြိုက်နေလို့လဲ"ဝေယံ လွန်းလွန်းလမင်း ကိုဆောင့်တွန်းချလိုက်ပြီး
မြေပေါ်လှဲကျသွားတဲ့ လွန်းလွန်းလမင်းရဲ့ ဆံပင်ကိုဆောင့်ဆွဲလိုက်ကာ"ငါမင်းကို သနားလို့သီးခံနေခဲ့တာ
ခုတော့ငါသိလိုက်ပြီ မင်းကဆိုက်ကိုပဲ
မင်းမှာကြိုက်စရာယောက်ကျား အဲလောက်ရှားလား
မင်းစေ့စပ်ပွဲကိုဖျက်နော် မဟုတ်ရင်ငါမင်းကိုသတ်ပြစ်မှာ""ဟင်အင်း မလုပ်နိုင်ဘူး လွန်းကယံနဲ့စေ့စပ်မှာ
ဘာလို့ဖျက်ရမှာလဲ ယံနဲ့စေ့စပ်မှာ"ဝေယံဒူးကို အတင်းအကျပ်ဖက်ကာ လွန်းလွန်းလမင်းအော်နေမိသည်
ဘဝမှာ ယံသာအရေးကြီးဆုံး
ယံကိုအချစ်ဆုံး ယံကိုပိုင်ဆိုင်ချင်တယ်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉