part 21

54.1K 3.6K 227
                                    


ပိုင်းလော့ကျင်း ကုတက်ပေါ်မှာမေ့မျှောနေတဲ့ ရှောင်ကျိကိုစိတ်ပျက်စွာကြည့်နေမိတယ်
ခံနိုင်ရည်ဖြင့်မရှိပဲနဲ့ သူ့ကိုခဏခဏစိတ်တိုအောင်လုပ်လွန်းတယ်
သူအကြောင်း နည်းနည်းလေးတောင်မကြားဖူးလို့လား

"ဟင်း........."

ပိုင်းလော့ကျင်း သက်ပြင်းအရှည်ကြီးချလိုက်ရင်း

"ခုမှ သက်ပြင်းချနေလဲအပိုပဲ
အဲဒါတောင် 18ချက်နဲ့ရပ်လိုက်လို့နော် မဟုတ်ရင်တော့
မင့်ကလေး ကိစ္စအချောပဲ ဘယ်တုန်းကသတိလစ်သွားမှန်းမသိဘူး မသေတာကံကောင်း"

ယီစကားကြောင့် ပိုင်းလော့ကျင်း ယီကိုမျက်မှောင်ကျုံ့ကြည့်လိုက်ရင်း

"ဟင့် ကျေးဇူးအရမ်းတင်တာပဲ ကောကောရယ်"

"ဖြီး....ရြံစရာႀကီးကြာ"

ပိုင်းလော့ကျင်း နွဲ့တိနွဲ့နှောင်းနှင့် မိန်းကလေးပုံစံဖမ်းကာပြောလိုက်တော့
ယီသောက်လက်စ ရေနွေးတောင်သီးသွာရသည်
ဒါလား ဧကရာဇ်...

ယီရောယီပါ ပိုင်းလော့ကျင်းအဆောင်ထဲမှာဖြစ်ပြီး
ရှောင်ကျိကတော့ ကုတင်ပေါ်မှာ သတိပြန်မလည်သေးပေ
သမားတော်ကလည်း စိတ်ချရပြီဆိုမှ ပြန်သွားပြီး
အထိန်းတော်တွေနှင့်အပျိုတော်တွေလည်း တော်တော်လေးအထိနာသွားကျကာ
ဆေးကုသမူခံယူနေကျ၍ အဆောင်တော်နှင့်အနားတဝိုက်တွင် မည်သူမရှိပေ
ထို့ကြောင့်လည်း ယင်းနဲ့ယီ ပိုင်းလော့ကျင်းအဆောင်တော်ထဲ ထင်တိုင်ကျဲနေကျသည်
ယင်းက အဆောင်တောမထဲ အလှချိတ်ဆွဲထားတဲ့ဓားတွေကို
တိုင်တွေနဲ့လေ့ကျင့်ရေးဆင်းနေပြီး ယီကတော့
စာပွဲဝိုင်းအပြည့်စားစရာတွေကို စားသောက်နေသည်
ပိုင်းလော့ကျင်းကတော့ ရှောင်ကျိဘေးမှာ ငုတ်တုပ်လေး

"ဒါနဲ့ လော့ကျင်း
မင်းရပါ့မလား"

ယီက တိုင်တွေကို ဓားနဲ့လိုက်ခုတ်နေရင်း
မေးလိုက်ခြင်းပင်
ပိုင်းလော့ကျင်း နားမလည်နိုင်စွာနှင့်

"ဘာကို..."

"ကုန်သွယ်ရေးလေ့လာဖို့က ကြာမှာ
အသွားအပြန်နဲ့ဆို အနည်းဆုံး ရက်သုံးလေးဆယ်ပဲ
မင်း ကလေးနဲ့ခွဲနိုင်ပါ့မလား"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now