"ဘာလဲ အဲဒါက"ရှောင်ကျိ ရှေ့မှာချထားတဲ့ ဆေးပန်ကန်ကိုကြည့်ပြီးမေးလိုက်တော့ ပိုင်းလော့ကျင်း
မအီမသာပြုံးကာ"ဆေးလေ ကလေးရဲ့"
ပိုင်းလော့ကျင်းစကားဆုံးကြောင့် ရှောင်ကျိ ပိုင်းလော့ကျင်းကို မော့ကြည့်လိုက်ရင်း
"ဆေးမှန်းတော့သိတာပေါ့ဗျ
ဘာဆေးတွေလည်းလို့"ပိုင်းလော့ကျင်း သွားတွေပေါ်လာသည်အထိရယ်လိုက်ရင်း
"အားဆေးလေ "
"အားဆေး"
ရှောင်ကျိ ပိုင်းလော့ကျင်းစကားသံအတိုင်း သံယောင်လိုက်ပြီးမှ
"ကျနော်က ဘာလို့အားဆေးသောက်ဖို့လိုတာလဲ
မသောက်နိုင်ဘူး ရူးနေလား"ပိုင်းလော့ကျင်း မျက်လုံးပြူးသွားတော့သည်
"မသောက်လို့မရဘူးလေ မဆိုးစမ်းပါနဲ့ကလေး
တကယ်အားဆေးပါ""မသောက်ဘူးဆိုမသောက်ဘူးဗျာ
ဗရုတ်သုတ်ခဆေးတွေဆို ကိုယ်ကျိုးနည်းရချည်ရဲ့""ဟာ... ကလေး
ကိုယ့်ကိုတောင်မယုံဘူးလား""စိတ်တော့မကောင်းပါဘူး
တလောကလုံးမှာလေ ကျနော်မယုံဆုံးက ခင်ဗျားပဲသိလား"ပိုင်းလော့ကျင်း စိတ်ထဲ၌ ကသိကအောက်တော့ဖြစ်သွားသည်
ရှောင်ကျိ ကတော့ မုန့်ပန်းယူ၍ အိပ်ယာပေါ်လူးလိမ့်ဆော့ရင်း မုန့်စားနေလေသည်
ပိုင်းလော့ကျင်း သက်ပြင်းသာချရင်း အနားမှာပြီတီတီမျက်နာတွေနဲ့ရပ်နေတဲ့ အထိန်းတော်လျဲ့ နဲ့အားလော့ဘက်လှည့်ပြီး
"ရွဲ့ဂိုဏ်းချုပ်ကို သွားခေါ်လာခဲ့"
အထိန်းတော်လျဲ့တို့ထွက်သွားမှ ပိုင်းလော့ကျင်း စားပွဲဝိုင်းတွင်ဝိုင်ထိုင်လိုက်ပြီး နားထင်လက်ဖြင့်နိပ်နယ်နေမိသည်
ဆေးကမသောက်လို့မရ တစ်ရက်ပျက်တာနဲ့ ရှောင်ကျိသေသွားနိုင်သည်အတော်လေးကြာတော့ ရွဲ့ဂိုဏ်းချုပ် ရေက်လာသည်
"အရှင် ကျနော်ကိုခေါ်တယ်ဆိုလို့ပါ"
ESTÁS LEYENDO
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasíaကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉